Nokia နှင့် Microsoft မိုဘိုင်းလ်ဖုန်း နည်းပညာ ပူးပေါင်းမည်

alt

Nokia နှင့် Microsoft တို့သည် နည်းပညာ ပူးပေါင်းမှု ရလဒ် တခုကို ကြေညာရန် ပြင်ဆင်နေကြောင်း သိရှိ ရသည်။

ဩဂုတ်လ (၁၃)ရက် နေ့တွင် အမေရိကန် နိုင်ငံ၊ နယူးယောက် မြို့တော် အတွင်း ထုတ်ပြန်မည့် ကြေညာချက်မှာ Nokia ၏ မိုဘိုင်းလ် ဖုန်းများ အတွင်း Microsoft မှ ထုတ်လုပ်သော Office Suite ကို အသုံးပြု နိုင်တော့မည် ဆိုသော သတင်းပင် ဖြစ်သည်။

ကုမ္မဏီကြီး (၂)ခု ပူးပေါင်းမှုသည် ကမာ္ဘ့ အကြီးဆုံး မိုဘိုင်းလ်ဖုန်း ကုမ္မဏီနှင့် ကမာ္ဘ့ အကြီးဆုံး Software ကုမ္မဏီတို့ လက်တွဲမှု ဖြစ်ပြီး Microsoft သည် Google ၏ ယှဉ်ပြိုင်လာမှုကို တုန့်ပြန်ရန် အခမဲ့ Online Version အဖြစ် Office Suite တမျိုး အကောင်အထည် ဖော်ရန်လည်း ပြင်ဆင် ထားသေးသည်။

Microsoft သည် Windows စနစ်သုံး မိုဘိုင်းလ် ဖုန်းများအတွက် Office Version တခုကို ထုတ်လုပ်ပေးပြီး ဖြစ်သော်လည်း Nokia ဖုန်းများတွင် အသုံးမပြုနိုင်ဘဲ Blackberry နှင့် အခြားဖုန်း အချို့ တို့တွင်သာ အဆင်ပြေခဲ့သည်။ Microsoft သည် လာမည့်နှစ်တွင် နောက်ဆုံးပေါ် Office Suite Version အသစ်ဖြစ်သည့် Office 2010 ကို ထုတ်ဝေမည် ဖြစ်ပြီး အင်တာနက် အခြေပြု အခမဲ့ Office Version ကိုပါ တပါတည်း စတင်ရန် စီစဉ်ထားရှိသည်။

Nokia နှင့် Microsoft တို့ ပူးပေါင်းဆောင်ရွက်မှု သတင်းကို အတည်ပြု ကြေညာရန် Microsoft ၏ ကုန်သွယ်ရေးဌာန အကြီးအကဲ စတီဖင်အီလော့နှင့် Nokia ၏ စက်ကိရိယာဌာနမှ အမှုဆောင် ဒုတိယဥက္ကဌ ကိုင်အာအွိုင်စတာမို တို့က တာဝန် ယူထားကြောင်း Microsoft က အတည်ပြု ခဲ့သော်လည်း အခြားအသေးစိတ် အချက်အလက် များကိုမူ ဖော်ပြထားခြင်း မရှိပေ။

LEAVE A REPLY

Please enter your comment!
Please enter your name here