မန်စီးတီး ခံစစ်အတွက် အဲဗာတန် ကစားသမားအား ခေါ်ယူရန် ကြိုးပမ်းဦးမည်

alt

မန်ချက်စတာ စီးတီးသည် ၎င်းတို့၏ ခံစစ်ကြောင်း အတွက် အဲဗာတန်မှ နောက်ခံလူ ဂျိုလန် လက်စကော့ကို ခေါ်ယူရန် နောက်ဆုံး အကြိမ် ကြိုးပမ်း သွားဦးမည်ဟု ကြေညာခဲ့သည်။

အင်္ဂလန် လက်ရွေးစင်အား မည်သည့် ဈေးပေးပေး မရောင်း နိုင်ကြောင်း အဲဗာတန်က ပြောကြားထား သော်လည်း လက်စကော့ ကိုယ်တိုင် ကမူ အသင်းပြောင်းခွင့် ပေးပါရန် အသင်း တာဝန်ရှိသူ များအား တောင်းဆို ထားလိုက်သည်။

အဲဗာတန် ကမူ ၎င်းတို့၏ အဓိက ကစားသမားကို ရောင်းချရန် ဆန္ဒမရှိဘဲ စီးတီး၏ ပေါင်စတာလင် (၂၂)သန်း အထိ တိုးမြှင့် ကမ်းလှမ်းမှု (၂)ကြိမ်ကို ပယ်ချထားသည်။ သို့သော်လည်း အသင်းပိုင်ရှင် အဘူဒါဘီ သူဌေးများ၏ ကျောထောက် နောက်ခံ ငွေကြေး အင်အားဖြင့် ဈေးကွက် အတွင်း လက်ဖွာနေသည့် စီးတီးနည်းပြ မတ်ဟုချ်က ယခု ကမ်းလှမ်းမှုမှာ အဲဗာတန် အတွက် မငြင်းနိုင် လောက်အောင် ဖြစ်စေရမည်ဟု ကြွေးကြော် ထားသည်။

သတင်းများက စီးတီးသည် လက်စကော့ အတွက် ပေါင်(၂၅)သန်းမှ သန်း(၃၀)ကြား ပမာဏ အထိ အဆိုပြု ကမ်းလှမ်းဖွယ် ရှိကြောင်း ဖော်ပြထားသည်။ စီးတီးသည် ဈေးကွက် အတွင်း အာဆင်နယ် ခံစစ်မှူး ကိုလိုတိုရေး ကိုလည်း ခေါ်ယူ ထားသေးသည်။ အကယ်၍ လက်စကော့ကို မခေါ်နိုင်တော့ပါက စီးတီး၏ အာရုံသည် ၀က်စ်ဟမ်း ယူနိုက်တက်မှ အင်္ဂလန် နောက်တန်းသမား မတ်သရူး အန်ဆွန် ဘက်သို့ မြှားဦး လှည့်လာ နိုင်ကြောင်းလည်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here