ဂျနီဖာဟတ်ဆန် သားဦး မွေးဖွား

alt

ဂျင်နီဖာ ဟတ်ဆန် တယောက် သားဦး လေးကို အောင်မြင် ချောမောစွာ မွေးဖွားခဲ့ကြောင်း အေဘီစီ သတင်း အရ သိရှိရသည်။

သူမ၏ လက်တွဲဖော် နပမ်း အားကစား လေ့ကျင့်ရေးမှူး ဒေးဗစ် အော်တန်ဂါက ဩဂုတ်လ (၁၀)ရက် နေ့က မီးဖွားမှုတွင် မိခင်ရော၊ ကလေးပါ ကျန်းကျန်းမာမာ ရှိကြောင်း ပြောကြား ခဲ့သည်။

ဂျင်နီဖာ တို့စုံတွဲက ကိုယ်အလေးချိန် (၇)ပေါင် (၁၄)အောင်စ ရှိသော ကလေးငယ်အား ဒေးဗစ် ဒင်နီရယ် အော်တန်ဂါ ဂျူနီယာ ဟု အမည်မှည့် ထားသည်။ ဂျင်နီဖာ တို့နှင့် နီးစပ်သူများက ကလေးငယ်ကို တလှည့်စီ ချီပိုးရင်း မိခင်ရော၊ ဖခင်ပါ ပျော်မြူးနေကြောင်း ပြောကြားခဲ့သည်။

ဂျင်နီဖာတို့သည် ကလေးငယ် မမွေးခင် ကတည်းက အပြာရောင်နှင့် ပန်းရောင် အနှီးလေးများ ကြိုဝယ် ထားကြကြောင်း မိတ်ဆွေများက ဆိုသည်။ အော်စကာဆုရှင် အဆိုတော်၊ မင်းသမီး၏ သူငယ်ချင်း များက ကလေးငယ် မွေးဖွားလာမှုသည် အသက် (၂၇)နှစ်ရှိ ဂျင်နီဖာ၏ မိခင်နှင့် တူငယ်တို့ အသတ်ခံ ရသဖြင့် စိတ်ထိခိုက် ကြေကွဲ နေမှုအား ဖြေသိမ့်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သေးသည်။

Dreamgirls တွင် သူမနှင့် အတူ တွဲဖက် သရုပ်ဆောင်ခဲ့သည့် အနီကာနိုနီရို့စ် ကလည်း ဂျင်နီဖာ၏ သားဦးလေး ရရှိလာသော ပျော်ရွှင်မှုသည် သူမအား ယခင်က ကဲ့သို့ ထူးချွန်ထက်မြက်ပြီး အရည်အသွေးရှိသည့် အနုပညာသည် တဦး ဖြစ်လာစေရန် တွန်းအား ပေးသွားမည်ဟု မျှော်လင့်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here