ကော်စတာရီကာ သမတကြီး A/H1N1 တုပ်ကွေး ဖြစ်ပွားနေ

alt

ကော်စတာရီကာ နိုင်ငံ သမတကြီး အော်စကာ အေးရီးစ်သည် A/H1N1 တုပ်ကွေးကို ခံစား နေရကြောင်း အစိုးရ ကိုယ်စားလှယ် အဖွဲ့ အကြီးအကဲ ဖရန်ဆစ်စကို အန်တိုနီယို ပါချီနိုက ဩဂုတ်လ (၁၁)ရက် နေ့တွင် အတည်ပြု ကြေညာခဲ့သည်။

သမတကြီးသည် တုပ်ကွေး လက္ခဏာ များ ခံစား နေရကြောင်း စစ်ဆေး တွေ့ရှိခဲ့ပြီးနောက် ပညာရှင်များနှင့် စစ်ဆေးမှု ခံယူခဲ့ရာ A/H1N1 ဖြစ်နေသည်ကို အတည်ပြု နိုင်ခဲ့ကြောင်း ပါချီနိုက ပြည်တွင်း သတင်းထောက်များထံ ပြောကြားခဲ့သည်။

သို့သော်လည်း သမတ၏ အခြေအနေ ကောင်းမွန် နေကြောင်းလည်း ၎င်းက ဆိုသည်။ ကော်စတာရီကာ အစိုးရက အေးရီးစ်၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး ကြေညာချက်များ ဆက်လက် ထုတ်ပြန် ပေးသွားမည်ဟု ပြောကြား ထားလိုက်သည်။ (၂၀၀၆) ခုနှစ် ကတည်းက အာဏာရ လာသော သမတကြီးသည် အသက်(၆၈)နှစ် ရှိပြီဖြစ်ပြီး ကမာ္ဘ့ ခေါင်းဆောင်များအနက် A/H1N1 တုပ်ကွေး ပထမဆုံး ကူးစက် ခံရသူလည်း ဖြစ်သည်။

၎င်းအနေနှင့် နိုင်ငံ့ တာဝန်များကို မထမ်းဆောင်နိုင်ဘဲ ရက်အနည်းငယ်မျှ အနားယူရဖွယ် ရှိနေသည်။ အမေရိကန် သမတ ဘာရက် အိုဘားမား သည်လည်း ၎င်းနှင့် လက်ဆွဲ နှုတ်ဆက်ခဲ့သည့် ပြတိုက် တာဝန်ရှိသူတဦး တုပ်ကွေးဖြင့် သေဆုံးပြီးနောက် ဆေးစစ် ခံခဲ့ရဖူပြီး ရောဂါ ကူးစက်ခံရခြင်း မရှိခဲ့ပေ။

ဩဂုတ်လ (၁၁)ရက်နေ့ အထိ သတင်းများအရ ကော်စတာရီကာ တွင် ယင်းတုပ်ကွေး ကူးစက်ခံရသူ (၇၉၈)ဦးထိ ရှိနေပြီး (၂၇)ဦးမှာ သေဆုံးသွားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here