ကွန်ဂို လိင် အကြမ်းဖက်မှု များအား ဟီလာရီ ကလင်တန် ဝေဖန်ရှုတ်ချ

alt

ကွန်ဂို နိုင်ငံတွင် ဖြစ်ပွားနေသော လိင်မှုဆိုင်ရာ ရာဇဝတ်မှု များအား တားဆီးနိုင်ရန် အဖြေတခု ရှာသင့်ပြီ ဖြစ်ကြောင်း ဟီလာရီ ကလင်တန်က တိုက်တွန်း ပြောကြား သွားခဲ့သည်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးက ကွန်ဂိုအရှေ့ပိုင်း စစ်ဘေးသင့် ဒေသများတွင် ဖြစ်ပေါ်နေသည့် လိင် အကြမ်းဖက်မှု များအား နိမ့်ပါး သူများအတွက် မကောင်းဆိုးရွား ဆန်သော ပြုကျင့်မှုဟု ရှုတ်ချခဲ့သည်။

ထိုဒေသတွင် ရှိသော အမျိုးသမီး ကြီးကြီးငယ်ငယ် တိုင်းသည် အစိုးရ စစ်တပ်များ နှင့် သူပုန်များ၏ အဓမ္မကျင့်ခြင်း၊ မုဒိမ်းမှု ကျူးလွန်ခြင်း များအား နှစ်ဖက်ညှပ် လည်စင်းခံ နေရသည်။ ကလင်တန်က ထို ပြဿနာအား တိုက်ဖျက် ဟန့်တားရန် အမေရိကန်က ရံပုံငွေ အသစ်တရပ် အဖြစ် ဒေါ်လာ(၁၇)သန်း လျာထားကြောင်း ပြောကြား သွားခဲ့သည်။

ကလင်တန်သည် ဂိုမာရှိ ဒုက္ခသည် စခန်းများတွင်ပါ ပေါ်ပေါက်နေသော လိင်ဆိုင်ရာ အနိုင်အထက် စီးနင်းမှုများ အတွက် စိတ်မသက်မသာ ဖြစ်မိကြောင်း ၀န်ခံခဲ့သည်။

ထိုစခန်းများသည် စစ်ပြေး ဒုက္ခသည်များကို စောင့်ရှောက် ထားသည် ဆိုသော်လည်း ဖုန်တထောင်းထောင်း ထနေသည့် ကွင်းပြင်များတွင် ရွက်ဖျင်တဲများ ထိုးထားပြီး အစုလိုက် အပြံုလိုက် ထားရှိခြင်းသာ ဖြစ်ကာ ငှက်ဖျားရောဂါ၊ တီဘီရောဂါ၊ ရေဓာတ် ခမ်းခြောက်မှုနှင့် အာဟာရ ချို့တဲ့မှုစသော ကျန်းမာရေး ပြဿနာများ ကြီးထွား လျှက်ရှိကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here