မင်္ဂလာဦးမှာ အမူးလွန်တဲ့ သတို့သမီး

alt

ဂျာမန် သတို့သမီး တဦးသည် ဗော့ဒကာ အရက်ခြင်း တခြင်းနှင့်သာ သူမ၏ မင်္ဂလာဦး ညကို ကုန်ဆုံးစေခဲ့ကြောင်း သိရှိရသည်။

သူမသည် အရက်မူးမူးနှင့် ကားကို မောင်းလာခဲ့ရာမှ ကိုလုံးမြို့ အနီးတွင် ကားထိုး ရပ်သွားသလို သူမလည်း ခေါင်းနှင့်ဘေးမှန် ဆောင့်မိကာ မေ့နေခဲ့သည်။ ဩဂုတ်လ (၁၁)ရက် နေ့တွင်မူ ကိုလုံးမြို့၊ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့က အပူချိန် မြင့်နေသော BMW ကားအတွင်းမှ အသက် (၃၀)အရွယ် အမျိုးသမီးအား မှန်ခွဲပြီး ဆွဲထုတ် ကယ်ဆယ်ခဲ့ရသည်။

သူမသည် မှန်ကွဲ သွားသံကိုပင် မကြားဘဲ အတင်းလှုပ်နှိုးမှ ဇဝေဇဝါ နိုးလာခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင် တဦးက ဆိုသည်။ မင်္ဂလာပွဲ အပြီး ခင်ပွန်းနှင့် ရန်ဖြစ်ကာ ဗော့ဒကာ ခြင်းကို ကားနောက်ခုံတွင် တင်ပြီး မောင်းထွက် လာသော အမျိုးသမီးက ပထမတွင် အဖြစ်မှန်ကို မေ့လျော့ကာ ခင်ပွန်းအား လိုက်ရှာ နေခဲ့သေးသည်။

သူမသည် ထိုအချိန် အဖြူရောင် မင်္ဂလာဝတ်စုံကို ၀တ်ထားဆဲပင် ဖြစ်ပြီး ကားသော့ကိုလည်း မည်သည့်နေရာ ထားမိမှန်း မသိဘဲ ပျောက်နေကြောင်း ရဲတပ်ဖွဲ့ထံ ပြောကြားခဲ့သည်။ ဂျာမန် ရဲတပ်ဖွဲ့သည် အမျိုးသမီး၏ ခင်ပွန်းထံ အကြောင်းကြားပြီး သူမအား အရက်မူးပြီး ကားမောင်းသည့် အတွက် အရေးယူ ခဲ့သော်လည်း အာမခံဖြင့် ပြန်လွှတ် ထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here