ခရစ်ဘရောင်းကို ရီဟားနာ မမေ့နိုင်သေး

alt

R&B ဂီတ အဆိုတော်မလေး ရီဟားနာ၏ မိခင်က သူမ၏ သမီးငယ်သည် ချစ်သူဟောင်း ခရစ် ဘရောင်းအား မေ့မရ သေးကြောင်း ထုတ်ဖော် ပြောကြား လိုက်သည်။

ယခုနှစ် အစောပိုင်းက ရီဟားနာကို ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့မှု အတွက် တရားရုံးတော် ရောက်ခဲ့သည့် ဘရောင်းနှင့် Kiss Kiss  ဆိုသည့် အဆိုတော်မလေးတို့ လမ်းခွဲ ခဲ့သည့် တိုင် သူမ၏ စိတ်သည် ဘရောင်းထံ ပြန်ရောက် နေသေးကြောင်း မိခင်က ဆိုသည်။

ရီဟာနာ၏ မိခင် မော်နီကာ ဖန်တေးက သူမ၏ သမီးသည် စိတ်ကို အလိုလိုက်ပြီး ရက်စက် ကြမ်းကြုတ်သည့် ဘရောင်းထံ ပြန်ရောက် သွားမည်ကို စိုးရိမ်မိကြောင်း ၀န်ခံခဲ့သည်။

Star မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် သူမ အနေနှင့် ရီဟားနာနှင့် ဘရောင်းတို့ ပြန်လည် သင့်မြတ် သွားမည်ကို လုံးဝ မလိုလားကြောင်း၊ သို့တိုင်အောင် ထို အခြေအနေအား တားဆီးနိုင်မည့် အခွင့်အရေးလည်း မရှိကြောင်း ပြောကြားခဲ့သည်။

ဘရောင်းသည် ရီဟားနာ အပေါ် အကြီးအကျယ် လွှမ်းမိုးထားပြီး သူမ၏ မျက်လုံးထဲတွင် ဘရောင်းသည် နတ်သားလေး တပါးသဖွယ် မြင်နေကြောင်း ဖန်တေးက ဆိုသည်။ ရီဟားနာ နှင့် ဘရောင်း တို့အား နယူးယောက်ရှိ ဟိုတယ် တခုတွင် ယခု ဩဂုတ်လ အစောပိုင်းက အတူတကွ ပြန်လည် တွေ့မြင်ခဲ့ရကြောင်း သတင်းများ ထွက်ပေါ် လာပြီးနောက် ဖန်တေးက ယခုကဲ့သို့ ပြောဆို သွားခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here