ချစ်တင်းမနှောမီ ယမကာ မှီဝဲခြင်း လိင်မှုသုခ ပိုမိုခံစားရနိုင်

alt

အမျိုးသမီး များအနေနှင့် ချစ်တင်း နှီးနှောခြင်း မပြုမီ တခွက်တဖလား သောက်သုံးခြင်းသည် လိင်မှုသုခကို ပိုမို ရရှိခံစားနိုင်မည့် နည်းလမ်း တခု ဖြစ်ကြောင်း ပညာရှင်များက ဖော်ထုတ် တွေ့ရှိ ခဲ့ကြသည်။

အီတလီနိုင်ငံ တက်ဆကန်း ဒေသရှိ အမျိုးသမီးများ၏ လိင်မှု ဘဝကို လေ့လာ ပြီးနောက် သုတေသီများက ကိုယ်လက် နှီးနှောမှု မပြုလုပ်မီ အရက်တခွက် (သို့မဟုတ်) နှစ်ခွက်မျှ သောက်ပေးခြင်းဖြင့် အလိုဆန္ဒ ပိုမို ပြည့်ဝ စေသည်ဟု ဖလော်ရင့် တက္ကသိုလ်မှ ပညာရှင်များက ထောက်ခံ ခဲ့ကြသည်။

ပညာရှင် များသည် အသက် (၁၈)နှစ်မှ (၅၀)ကြား အမျိုးသမီး (၈၀၀)ကျော် တို့၏ လိင်မှုရေးရာ စိတ်ကျေနပ် နှစ်သိမ့်မှုများအား မေးမြန်း မှတ်သားခဲ့ရာ ယခု ရလဒ်ကို ဖော်ထုတ် လိုက်နိုင်ခြင်း ဖြစ်သည်။ ထို လုပ်ငန်းစဉ်ကို အကောင်အထည် ဖော်ရန် လိင်အင်္ဂါ တုန့်ပြန်မှု၊ စိတ်ကျေနပ်မှု၊ နာကျင်မှုစသော အချက်များကို အမှတ် (၂)မှတ်မှ (၃၆)မှတ်ကြား သတ်မှတ်ကာ စာရင်း ပြုစုခဲ့ကြသည်။

အမှတ်အရေ အတွက် များလေလေ၊ လိင်မှုဘဝ အတွက် ကောင်းမွန်လေဟု ပညာရှင်များက သတ်မှတ်ထားရာ လိင် မဆက်ဆံခင် အရက် နှစ်ခွက်သောက်သည့် အမျိုးသမီးများ၏ ပျမ်းမျှ ရမှတ်မှာ (၂၇.၃)ရှိပြီး တခွက်သာ သောက်သော အမျိုးသမီး များမှာမူ (၂၅.၉) ရှိသည်။ လုံးဝ မသောက်သည့် အမျိုးသမီး များမှာမူ (၂၄.၄)မှတ်သာ ပျမ်းမျှ ရမှတ်ရှိကြောင်း သိရှိရသည်။

ဒေါက်တာ နီကိုလာ မွန်ဒီယန်နီ ဦးဆောင်သော သုတေသီအဖွဲ့မှ ကောက်ခံခဲ့သော အဆိုပါ စစ်တမ်းသည် လိင်မှုဘဝ သာယာရေး အတွက် အထောက်အကူ ပြုမည်ဟု မျှော်လင့်ကြောင်း ပညာရှင်များက သုံးသပ် ပြောဆိုထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here