အစိုးရအဖွဲ့တွင် လက်ရှိ အရေးပါသူမှာ သူမ သာဖြစ်သည်ဟု ဟီလာရီ ကလင်တန် ပြောကြား

alt

အမေရိကန် အစိုးရ အဖွဲ့တွင် လက်ရှိ အရေးပါသော သူမှာ သူမသာ ဖြစ်ပြီး ခင်ပွန်းသည် မဟုတ်ကြောင်း ဟီလာရီ ကလင်တန်က ကွန်ဂို ကျောင်းသား လေး၏ မေးခွန်းကို ပြတ်ပြတ်သားသား ပြောကြား လိုက်သည်။

ကွန်ဂို နိုင်ငံသို့ ရောက်ရှိနေသည့် ဟီလာရီက ကွန်ဂို ကျောင်းသားတဦး စကားပြန် မှတဆင့် သူမ၏ခင်ပွန်း ဘီလ်ကလင်တန်၏ သဘောထားကို မေးမြန်းရာတွင် ယခုလို တုန့်ပြန်ခဲ့ခြင်း ဖြစ်သည်။

ကျောင်းသားလေးက အမေရိကန် သမတဟောင်းသည် တရုတ်ပြည်၏ ရင်းနှီး မြှုပ်နှံမှုနှင့် ပတ်သက်ပြီး မည်သို့ သဘောထား ရှိပါသနည်း ဟု ကျောင်းသားလေးက မေးမြန်း ခဲ့ချိန်တွင် ဟီလာရီက အမေရိကန်၏ နိုင်ငံခြားရေး ၀န်ကြီးမှာ မိမိသာဖြစ်ပြီး မိမိ ခင်ပွန်းသည် မဟုတ်ကြောင်း ဖြေဆို သွားခြင်းဖြစ်သည်။

ကွန်ဂို အာဏာပိုင်များက နောက်ပိုင်းတွင် ကျောင်းသားလေးက ၎င်း၏စကားပြော မှားသွားခြင်း ဖြစ်ပြီး လက်ရှိ အမေရိကန် သမတ ဘာရက် အိုဘားမား၏ သဘောထားကိုသာ မေးမြန်း လိုခြင်းဖြစ်ကြောင်း ဟီလာရီကို တောင်းပန်စကား ဆိုခဲ့သည်ဟု ပြောကြားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here