မန်ယူအသင်း အကောင်းဆုံး လူအင်အား ပိုင်ဆိုင် နေပြီဟုဆို

alt

မန်ချက်စတာ ယူနိုက်တက် သည် အတောင့်တင်းဆုံး လူအင်အားကို ပိုင်ဆိုင်ထားပြီ ဖြစ်ကြောင်း ၀ိန်းရူနီက ပြောကြား လိုက်သည်။

အင်္ဂလန် လက်ရွေးစင်နှင့် ယူနိုက်တက် အသင်း၏ တိုက်စစ်မှူး အဖြစ် တာဝန် ယူထားရသည့် အသက် (၂၃)နှစ်ရှိ ရူနီက အသင်းမှ ကားလို့စ်တီဗက်စ် နှင့် ခရစ်စတီယာနို ရော်နာဒို တို့ ထွက်ခွာ သွားသော်လည်း အန်တိုနီယို ဗလန်စီယာ နှင့် မိုက်ကယ်အိုဝင် တို့ ပြန်ရောက် လာခြင်းကြောင့် မူလ အတိုင်း အသင်းမှာ တောင့်တင်း နေဆဲဟု ပြောဆိုခဲ့သည်။

ထို ကစားသမားသည် အသင်းနှင့် အထိုင် ကျသွားပါက တီဗက်စ် နှင့် ရော်နာဒို တို့ကဲ့သို့ပင် အင်္ဂလန်ချန်ပီယံ အသင်းကြီး အတွက် ထောက်ပံ့ နိုင်မည်ဟု မိမိ ယုံကြည်ကြောင်း ရူနီက BBC သို့ ပြောကြားခဲ့သည်။ထို့အပြင် ရီးရဲလ်မက်ဒရစ် သို့ ပြောင်းရွှေ့သွားသည့် ရော်နာဒို ထွက်ခွာသွားမှု အတွက်ကိုမူ စိတ်မကောင်း ဖြစ်မိပါသည်ဟု ရူနီက ၀န်ခံ ခဲ့သည်။

လက်ရှိ လူအင်အားသည် (၃)နှစ် ဆက်တိုက် အင်္ဂလန် ချန်ပီယံအဖြစ် ရပ်တည်ခဲ့ပြီး ဥရောပ ချန်ပီယံလိဂ် ဖိုင်နယ် (၂)ကြိမ် ရောက်ခဲ့သော ကစားသမား များကို အခြေခံ ထားခြင်းဖြစ်ပြီး နည်းပြ ဆာအဲလက် ဖာဂူဆန် ၏ ဦးဆောင်မှု အောက်တွင် ရှိနေသောကြောင့် အား အကောင်းဆုံး ဖြစ်နေဆဲဟု ရူနီက ၀ံ့ကြွားခဲ့သည်။

ဆုဖလားများ ရရှိရေး အတွက် အသင်းအနေနှင့် ရုန်းကန် ရလျှင်လည်း အဆုံးသတ်တွင် အောင်မြင်မှု အပြည့်အဝ ရရှိလိမ့်မည်ဟု ရူနီက BBC နှင့် အင်တာဗျူးတွင် ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here