ကင်ဂျုံအီသည် မြောက်ကိုရီးယားအား နိုင်နင်းစွာ အုပ်ချုပ်နိုင်ဆဲ ဟုဆို

alt

မြောက် ကိုရီးယား ခေါင်းဆောင် ကင်ဂျံုအီသည် နိုင်ငံအား နိုင်နိုင် နင်းနင်း အုပ်ချုပ် နေဆဲဖြစ်ကြောင်း အမေရိကန် အစိုးရက ထုတ်ဖော် ၀န်ခံ လိုက်သည်။

အိမ်ဖြူတော်မှ တာဝန်ရှိသူ တဦးက ကွန်မြူနစ် ခေါင်းဆောင်ကြီးသည် သူ၏ အစိုးရအဖွဲ့ အပေါ် အပြည့်အဝ ဩဇာ သက်ရောက်နေဆဲ ဖြစ်သလို အမေရိကန်နှင့်လည်း ဆက်ဆံရေး တိုးမြှင့်ရန် လိုလားလျှက် ရှိကြောင်း ပြောကြား သွားခဲ့သည်။

အမေရိကန် အမျိုးသား လုံခြံုရေး အကြံပေးအရာရှိ ဂျင်ဂျံုး က ကင် နှင့် အမေရိကန် သမတဟောင်း ဘီလ်ကလင်တန်တို့ နာရီပေါင်း အတန်ကြာ ဆွေးနွေးမှုသည် နှစ်နိုင်ငံ ဆက်ဆံရေး အတွက် အကျိုး ဖြစ်ထွန်းမှုများ ဖြစ်ပေါ် လာစေနိုင်မည်ဟု အမေရိကန် အစိုးရက မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။

ကင်သည် အစိုးရအပေါ် လွှမ်းမိုးနိုင်သလို ဓမ္မဓိဌာန် ကျသည့် သဘောထားမျိုး ရှိသူဖြစ်ကြောင်း ကလင်တန်က ထောက်ခံ ခဲ့သည်ဟု ဂျံုးက ဆိုသည်။ ထို့အပြင် ယခင်က ခန့်မှန်းထားသည့် ကင်ဂျံုအီ၏ ကျန်းမာရေး အလွန် ဆိုးရွားနေဖွယ် ရှိကြောင်း ဖော်ပြချက် များမှာ မှားယွင်းလျှက် ရှိပြီး ကလင်တန်နှင့် တွေ့ဆုံစဉ် ကင်မှာ ဒေါင်ဒေါင်မြည် ကျန်းမာနေကြောင်း သိရှိရသည်။

ကလင်တန် သည် မြောက်ကိုရီးယားက ဖမ်းဆီးထားသည့် သတင်းထောက် (၂)ဦး လွတ်မြောက်ရေး အတွက် ပြံုယမ်းမြို့တော်သို့ သွားရောက် ခဲ့ပြီးနောက် သတင်းထောက်များ လွတ်မြောက်ရေး အပြင် (၂)နိုင်ငံ ရေးရာများကိုပါ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here