မြန်မာနိုင်ငံ ကမ်းလွန် ပင်လယ်ပြင်ကို ဗဟိုပြု၍ အင်အားပြင်း ငလျင်လှုပ်ခတ်

alt

မြန်မာနိုင်ငံ အနောက် တောင်ပိုင်း ကမ်းလွန်ရှိ ပင်လယ် သမုဒ္ဒရာကို အခြေပြုကာ အင်အား ကြီးမားသော ငလျင်တခု ဩဂုတ်လ (၁၁)ရက်နေ့ အစောပိုင်းက လှုပ်ခတ် သွားခဲ့ကြောင်း သိရှိရသည်။

အမေရိကန် ဘူမိဗေဒ အဖွဲ့ချုပ် (USGS) ၏ အစီရင်ခံမှု အရ ငလျင်၏ ပြင်းထန်သော အင်အားသည် (၇.၆) အထိ အဆင့်ရှိပြီး အိန္ဒိယ သမုဒ္ဒရာ၊ အက်ဒမန်ကျွန်း များမှ မြောက်ဘက်မိုင် (၁၅၀) ကျော်သို့ ဗဟိုပြုခဲ့ကြောင်း ပါရှိသည်။

ရေမျက်နှာပြင် အောက် (၂၁)မိုင် အကွာကို ဦးတည် လှုပ်ရှားခဲ့သော ငလျင်ကြီး၏ ဒါဏ်ကို မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင် အာရှ နိုင်ငံအချို့ နှင့် အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် သီရိလင်္ကာ နိုင်ငံများ ကလည်း ခံစား သိရှိခဲ့ကြသည်။

ငလျင်လှုပ် ပြီးနောက် အိန္ဒိယသမုဒ္ဒရာ ကမ်းခြေနှင့် ဆက်စပ်နေသော ဒေသ အသီးသီးတွင် ဆူနာမီ သတိပေးချက်များ ပေါ်ထွက် ခဲ့သော်လည်း ရေလှိုင်းကြီးများ ဖြစ်ပေါ်လာခြင်း မရှိခဲ့ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here