အာဖဂန်မှ ပျံသန်း လာသည့်လေယာဉ် ဗုံးသတင်းကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရ

alt

အာဖဂန် နစ္စတန်နိုင်ငံ၊ ကဘူး မြို့တော်မှ တရုတ်နိုင်ငံ အနောက် မြောက်ပို်င်းရှိ လူမျိုးရေး ပြဿနာများ ပေါ်ပေါက်ခဲ့ရာ အူရမ်ကွီသို့ ပျံသန်းလာသော လေယာဉ် တစင်းတွင် ဗုံးပါလာသည် ဆိုသော

ခြိမ်းခြောက်မှု များကြောင့် ကင်ဒါဟာ လေဆိပ်သို့ အရေးပေါ် ဆင်းသက် ခဲ့ရကြောင်း ကဘူးရှိ လေကြောင်း တာဝန်ခံများက ပြောကြားခဲ့သည်။

အာဖဂန် မြို့တော်မှ အူရမ်ကွီသို့ ဆိုက်ရောက် လာချိန်တွင် လေယာဉ်သည် အာဖဂန် တောင်ပိုင်းရှိ ကန်ဒါဟာတွင် အရေးပေါ် ဆင်းသက်ခဲ့ပြီး ဖြစ်သည်။ လေယာဉ်သည် ဆက်လက် ပျံသန်းပြီး အူရမ်ကွီသို့ ဩဂုတ်လ (၉)ရက်နေ့ ဆိုက်ရောက်ချိန်တွင် တရုတ်ပြည်သူ့ တပ်မတော်မှ သံချပ်ကာ တင့်ကား များသည် လေဆိပ်အတွင်း လာရောက် စောင့်ဆိုင်းလျှက် ရှိကြောင်း မျက်မြင်များက ပြောကြားခဲ့သည်။

ဇင်ဂျန်းဒေသရှိ အူရမ်ကွီ လေဆိပ်တွင် ရပ်နားခဲ့သော လေယာဉ်သည် ကဘူးသို့ (၂)နာရီ အတွင်း ပြန်လည်ထွက်ခွာ သွားရကြောင်းလည်း သိရှိရသည်။ တရုတ် အာဏာပိုင်များ ကမူ လေယာဉ်အရေးပေါ် ကြားဖြတ် ဆင်းသက်ခဲ့ရမှုသည် စက်ချွတ်ယွင်းမှု ကြောင့်သာဖြစ်ကြောင်း ဖော်ပြခဲ့သည်။

လေယာဉ်ကို ပိုင်ဆိုင်သော ကင် လေကြောင်းလိုင်း၏ ဥက္ကဌ ကမူ ၎င်းတို့သည် ကာဇက်စတန်တွင် ဆင်းသက်နိုင်ရန် ကြိုးပမ်း ခဲ့သေးသော်လည်း Boeing-747 လေယာဉ်အား ကာဇက်စတန်က လေပိုင်နက်ထဲ အဝင်မခံ ခဲ့သောကြောင့် ကန်ဒါဟာကို ရွေးချယ်ခဲ့ကြောင်း၊ ကဘူးသို့ ပြန်ဆင်း လိုသော်လည်း ထိုအချိန်က ရာသီဥတု အနေအထားကြောင့် မသင့်တော်ခဲ့ကြောင်း ထုတ်ဖော် ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here