လေထဲတွင် တိုက်မိကာ ပျက်ကျခဲ့သည့် လေယာဉ်နှင့် ရဟတ်ယာဉ် တို့မှ အလောင်းများ တွေ့ရှိ

alt

ဩဂုတ်လ (၈)ရက် နေ့က အချင်းချင်း တိုက်မိပြီး ဟတ်ဆန်မြစ် အတွင်း ပျက်ကျသွားသည့် လေယာဉ် နှင့် ရဟတ်ယာဉ်တို့မှ ရုပ်အလောင်း (၇)ခုကို ပြန်လည်ရှာဖွေ တွေ့ရှိခဲ့ကြောင်း အမေရိကန် အာဏာပိုင် များက ပြောကြားခဲ့သည်။

ထိုနေ့က အပေါ့စား လေယာဉ်ငယ် တစင်းသည် ရဟတ်ယာဉ် တစင်း၏ နောက်ပိုင်းကို ၀င်တိုက်မိခဲ့ရာ အီတလီလူမျိုး အများစု ပါ၀င်သော လူ(၉)ဦး သေဆုံး ခဲ့ရသည်။ ကယ်ဆယ်ရေး အဖွဲ့များနှင့် ရေငုပ်သမား များသည် ကျန်ရှိသူ (၂)ဦး၏ အလောင်းများကို ရှာဖွေ နေဆဲဖြစ်ကြောင်း လေယာဉ်ချင်း တိုက်မှု ဖြစ်ပွားခဲ့သည့် နယူးဂျာစီပြည်နယ်၊ ဟိုဘိုကန်မှ တာဝန် ရှိသူများက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အမျိုးသား သယ်ယူပို့ဆောင်ရေး လုံခြံုမှု ဘုတ်အဖွဲ့မှ ဒက်ဘီဟာစမန် က ရဟတ်ယာဉ်ကို ပြန်လည် ဆယ်ယူပြီးနောက် အနီးဆုံး ပြင်ဆင်ရေး ဌာနသို့ ပို့ဆောင် ထားပြီးဖြစ်ကြောင်း အတည်ပြုခဲ့သည်။ ရဟတ်ယာဉ်သည် ဆိုးဆိုးရွားရွား ပျက်စီးခြင်း မရှိသော်လည်း အပေါ့စား လေယာဉ်မှာမူ အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားခဲ့ကြောင်း သူမ ကဆိုသည်။

အီတလီ ကမာ္ဘလှည့် ခရီးသည်များသည် မက်ဟမ်တန်ရှိ အေဂျင်စီတခုမှ ငှားရမ်းလာပြီး ခရီးသည်(၅)ဦး၊ ပိုင်းလော့(၁)ဦး တို့နှင့်အတူ ထိုနေ့ နေ့လယ်က ဟတ်ဆန်မြစ်ပေါ် ပျံသန်းနေစဉ် လူ(၃)ဦး ပါသည့် လေယာဉ်က ၀င်တိုက် မိခဲ့ခြင်းဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here