မက်ဒေါနား ခင်ပွန်းဟောင်း ဂိုင်းရစ်ချီ ရဲ ့ အချစ်သစ်

alt

ဂိုင်းရစ်ချီ နှင့် မယ်လာနီ ဂန်ဒါရာ တို့နှစ်ဦး စုံတွဲ ခုတ်နေပြီဟု ယနေ့ လန်ဒန်ထုတ် သတင်းများက ဖော်ပြ ခဲ့ကြသည်။

မက်ဒေါနား ၏ ခင်ပွန်းဟောင်း ဖြစ်သူ အင်္ဂလိပ် ဒါရိုက်တာ ဂိုင်းသည် Iron Man ဇာတ်ကားမှ မင်းသမီးနှင့် တွဲလျှက် အတူ တွေ့နေရကြောင်း သိရှိရသည်။ ဂိုင်းသည် (၂၀၀၈)ခုနှစ် ကမှ မက်ဒေါနား နှင့် ကွာရှင်းကာ (၈)နှစ်မျှ ကြာမြင့်ခဲ့သော အိမ်ထောင်ရေးကို အဆုံးသတ်ခဲ့ သူဖြစ်သည်။

ဂိုင်းသည် ယခုအခါ အသက် (၂၆)နှစ် အရွယ် မင်းသမီးချော မယ်လာနီ နှင့် လူသိရှင်ကြား စုံတွဲ ခုတ်နေကြောင်း သိရှိရပြီး၊ Iron Man အဖြစ် သရုပ်ဆောင်သည့် ဂိုင်း၏ သူငယ်ချင်း ရောဘတ်ဒေါင်နီ ဂျူနီယာ မှတဆင့် ၎င်းတို့နှစ်ဦး တွေ့ဆုံခဲ့ခြင်း ဖြစ်ပြီး နှစ်ဦးသား ချိန်းတွေ့ နေသည်ကို မြင်တွေ့ခဲ့သူ အတော်များများ ရှိကြောင်းနှင့် ဂိုင်း၏ လန်ဒန်မြို့ နေအိမ်တွင် မင်းသမီးအား တွေ့ခဲ့သူများ ရှိကြောင်း သတင်းများက ဆိုသည်။

ဂိုင်း နှင့် တွဲလျှက် မယ်လာနီအား တွေ့ရှိခဲ့သူ တဦးက မင်းသမီးသည် ၎င်း၏ အဖော်သစ်နှင့် အလွန် ပျော်ရွှင်နေဟန် ရှိကြောင်း ဗြိတိန်ထုတ် Sunday Mirror သတင်းဌာနသို့ ပြောကြား သွားခဲ့ခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here