အမေရိကန် အကျဉ်းထောင် အုံကြွမှု လူပေါင်းများစွာ ဒဏ်ရာရ

alt

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အကျဉ်း ထောင် အုံကြွမှု အတွင်း လူပေါင်း (၂၅၀)မျှ ဒဏ်ရာ ရခဲ့ကြောင်း သိရှိ ရသည်။

ဩဂုတ်လ (၈)ရက် နေ့က ကယ်လီဖိုးနီးယား တောင်ပိုင်း အကျဉ်း ထောင် အုံကြွမှု အတွင်း လူပေါင်း (၅၅)ဦးထက် မနည်း ဆေးရုံတက်ခဲ့ ရပြီး (၉)ဦး ကိုမူ တိုက်ပိတ် အပြစ်ဒဏ်များ ချမှတ် လိုက်ကြောင်း အကျဉ်းထောင် အာဏာပိုင် များက ကြေညာခဲ့သည်။

ထိုနေ့ညက ဖြစ်ပွားခဲ့သည့် အုံကြွမှုအပြီး ဒဏ်ရာ ရရှိသူများကို စစ်ဆေးခဲ့ရာ အသေးစား ထိခိုက်ခြင်းသာ ခံရသူ အများအပြား ရှိနေသော်လည်း ဓားထိုး ခံရခြင်းနှင့် ဓားနှင့် အလှီးခံရခြင်း စသော အခြေအနေများ တွေ့ရသဖြင့် အာဏာပိုင်များက ထိုလက်နက်များကို မည်သူ ကိုင်ဆောင်ပြီး မည်သည့် နေရာတွင် ၀ှက်ထားသည်ကို ဖော်ထုတ် နိုင်ရန် ကြိုးပမ်းလျှက် ရှိသည်။

အကျဉ်းသား တဦးသည် ခေါင်းတွင် ဆိုးဆိုးရွားရွား ထိခိုက် ထားသော်လည်း မည်သူမျှ သေလောက်သော ဒဏ်ရာ မရခဲ့ကြဟု သိရှိရသည်။ (၂၀၀၆)ခုနှစ် နောက်ပိုင်း အကြီးဆုံး ဖြစ်ပွားခဲ့သည့် အမေရိကန် အကျဉ်းထောင် အုံကြွမှုကြီး အတွင်း ထောင်ဝန်ထမ်း များမှာမူ ဒဏ်ရာ ရရှိခဲ့မှု မရှိပေ။

ထောင်ဝန်ထမ်း (၈၀) တို့သည် အချုပ်ဆောင် (၇)ခု အတွင်းသို့ အကျဉ်းသား (၁၃၀၀)ကျော်ကို ပြန်သွင်းနိုင်ခဲ့ပြီး အကျဉ်းသားများ ရှို့ ထားသည့် မီးကိုလည်း ပြန်ငြှိမ်းသတ် နိုင်ခဲ့သဖြင့် အပျက်အစီး နည်းပါးကြောင်း သိရှိရသည်။ သို့သော်လည်း အုံကြွမှု ဖြစ်ပွားရခြင်း၏ အကြောင်းရင်း ကိုမူ တိတိကျကျ ဖော်ပြထားမှု မရှိပေ။

LEAVE A REPLY

Please enter your comment!
Please enter your name here