ဒေါ်အောင်ဆန်းစုကြည် တွင် အပြစ်ရှိကြောင်း၊ ထို့အတွက် ထောင်ဒါဏ် ၃နှစ် ကျခံရန် အမိန့်ချ

alt

ဒေါ်အောင်ဆန်းစုကြည် အား နေအိမ် အကျယ်ချုပ် ကန့်သတ်ချက် ဖေါက်ဖျက်သည့် ဥပဒေ ပုဒ်မ (၂၂) အရ ထောင်ဒါဏ် (၃) နှစ် ကျခံရန် အင်းစိန် ထောင်အတွင်းရှိ အထူး တရားရုံးက ဒေါ်အောင်ဆန်းစုကြည်၊

ဒေါ်ခင်ခင်ဝင်း နှင့် မဝင်းပပ တို့ကို ပြစ်မှု ကျူးလွန်သည်ဟု တရားရုံးတော် က ဆုံးဖြတ်ပြီး အလုပ်ကြမ်း နှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။

မြန်မာ့ လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်း ၏ သမီး ဖြစ်နေခြင်း အတွက် လျော့ပေါ့ အပြစ်ဒါဏ်အဖြစ် ထောင်ဒါဏ် ၁ နှစ်ခွဲ လျော့ချကာ ဆိုင်းငံ့ ပြစ်ဒါဏ် ပေးခဲ့ကြောင်း ပြောဆိုခဲ့သော်လည်း၊ လေ့လာသူ အများစုကတော့ ပြည်တွင်း၊ ပြည်ပ ဖိအားများ နှင့် ဆူပူမှုများ ဖြစ်လာမည့် အရေးကို ရှောင်ရှား လိုသဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ပြောဆို သုံးသပ် နေကြသည်။

ဒေါ်အောင်ဆန်းစုကြည် အပေါ်ချ မှတ်ထားခဲ့သည့် ထောင်ဒါဏ် ၁ နှစ်ခွဲ အား ဆိုင်းငံ့ ပြစ်ဒါဏ် အဖြစ် ပြောင်းလဲကာ နေအိမ် သို့ ပြန်လည် ပို့ဆောင်ရန် အင်းစိန် ထောင်အတွင်းရှိ အထူး တရားရုံးက ဆုံးဖြတ်ခဲ့မှုသည် ဒေါ်အောင်ဆန်းစုကြည် အား နေအိမ် အကျယ်ချုပ် သက်တမ်း ထပ်တိုးရန် အတွက် ဥပဒေ မရှိတော့သည့် အတွက် တမင်အကွက်ချ စီမံခဲ့ခြင်းသာ ဖြစ်ကြောင်း၊ အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန် ဝီလီယံ ယက်ထော အား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ရ နှစ် အပြစ်ပေးသည်ဟု ဆိုသော်လည်း၊ မကြာမှီ ကျန်းမာရေး အကြောင်းပြချက်၊ စစ်အစိုးရ ၏ သက်ညှာခွင့် တို့ဖြင့် ပြည်နှင်ဒါဏ် ပေးလိုက်ဖွယ်သာ ရှိသည်ဟု ရန်ကုန်တိုင်း N.L.D လူငယ် တိုင်း/စည်း အဖွဲ့ဝင် တဦးက ပြောဆိုလိုက်သည်။

"အန်တီစုကို ထောင် ၃ နှစ်ချတာ၊ ဒါကို ပြည်ထဲရေးဝန်ကြီးဋ္ဌာန အမိန့်နဲ့ ၁ နှစ်ခွဲ လျှော့ပေါ့ပေးပြီး စေတနာ ထားသလိုလိုနဲ့  မျက်စေ့လှည့်ပြီး နေအိမ်မှာ အကျယ်ချုပ် ချုပ်ဖို့ ပြန်ပြောင်း သတ်မှတ်လိုက်တာပဲ မဟုတ်ပါလား လို့ ထောက်ပြ ပြောဆိုကာ  မြန်မာ့ ရုပ်မြင်သံကြား ကလည်း ခုနပဲ လွှင့်သွားတယ်”ဟု ရန်ကုန်မြို့မှ လူငယ် တဦးမှ အင်တာနက် ကဖီးမှ လူထုအသံသို့ ပြောဆိုလိုက်သည်။

အန်အယ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဖြစ်သူ၊  ဒေါ်အောင်ဆန်းစုကြည် ၏ ရှေ့နေလည်း ဖြစ်သည့် ဦးဉာဏ်ဝင်း ကမူ မကြာမှီ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သွားမည် ဟု ပြောဆို လိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here