ရောမ ဧကရာဇ်၏ မွေးရပ်မြေ ဖြစ်နိုင်သည့် နေရာ ဖော်ထုတ်နိုင်ခဲ့

alt

မနုဿဗေဒ ပညာရှင်များက ရောမ ဧကရာဇ် ဗက်စပါဆီယန် ၏ မွေးရပ်မြေဟု ယူဆရသော နေရာလေး တခုကို ဖော်ထုတ် နိုင်ခဲ့ကြောင်း ကြေညာ လိုက်သည်။

နှစ်ပေါင်း (၂၀၀၀)ကျော် သက်တမ်းရှိသော အပျက်အစီး များသည် ရောမမြောက်ပိုင်း ကစ်တာရီယေး မှ မိုင်(၈၀)ခန့် အကွာတွင်ရှိပြီး ကမာ္ဘကျော် ကိုလော့ဆီယမ် အားကစားကွင်းကြီးကို ဆောက်လုပ်ခဲ့သည့် ဧကရာဇ်ကြီး၏ ချက်မြှုပ်ဒေသဟု ခန့်မှန်းရကြောင်း သုတေသန အဖွဲ့ခေါင်းဆောင် ဖီလစ်ပို ကော်ရယ်လီက ပြောကြားခဲ့သည်။

အကျယ် (၁၄၀၀၀) စတုရန်းမီတာ ရှိနေသော အဆိုပါ နေရာသည် ကျေးရွာဟောင်း၏ အလယ်ဗဟိုတွင် ရှိနေကြောင်း သိရှိရသည်။ ဖယ်လက်ခရိုင်း ဟုခေါ်သော ထိုကျေးရွာသည် ဗက်စပါဆီယန်၏ မွေးဇာတိ ကျေးရွာ လေးလည်းဖြစ်သည်။ အတိအကျ အချက်အလက်များ မရ ရှိသေးသော်လည်း ဗက်စပါဆီယန်၏ မွေးဖွားရာ ကျေးရွာလေးမှ ခမ်းနား ကြီးကျယ်သော အဆိုပါ နေရာသည် ဧကရာဇ်ကြီး လူ့လောကသို့ ရောက်ရှိလာသည့် နေရာလေး ဖြစ်မည်ဟု ကော်ရယ်လီက သုံးသပ်ခဲ့သည်။

ယခု သုတေသန လုပ်ငန်းကို ဗြိတိန် နှင့် အီတလီ ပညာရှင်များ ပူးပေါင်းကာ (၄)နှစ် ကြာမျှ ဆောင်ရွက်ခဲ့ရသည်။ ဗက်စပါဆီယန် ၏ အမည် အပြည့်အစုံမှာ တိုက်တက်စ် ဗလာဗီးရက်စ် ဗက်စပါဆီယန် ဖြစ်ပြီး A.D (၉)ရာစု က မွေးဖွားခဲ့ပြီး A.D (၆၉)ခုနှစ် နောက်ပိုင်းတွင် ရောမဘုရင် နီရိုးကြောင့် ဖြစ်ပေါ်ခဲ့ရသော ငွေကြေး အကြပ်အတည်းများကို ဖြေရှင်း နိုင်ခဲ့သလို ၎င်း၏ ရန်သူများကိုလည်း ဖယ်ရှား သုတ်သင် နိုင်ခဲ့သည်။

ဗက်စပါဆီယန်သည် ကြွယ်ဝနေသော ဂျူးလူမျိုးများ ထံမှ အခွန်ငွေများ တိုးမြှင့်ကောက်ခံပြီး နိုင်ငံ စီးပွားရေးကို ပြန်လည် တည်ငြိမ်စေခဲ့ပြီး ကမာ္ဘ့သမိုင်း၏ အထင်ရှားဆုံး ဗိသုကာ လက်ရာ တခုဖြစ်သော ကိုလော့ဆီယမ်ကို ဆောက်လုပ်စေခဲ့ကြောင်း သမိုင်း မှတ်တမ်းများတွင် ဖော်ပြ ပါရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here