ဘာစီလိုနာ အသင်း အာဆင်နယ် ကပ္ပတိန်အား ခေါ်ယူရန် စိတ်ဝင်စား

alt

စပိန် နှင့် ဥရောပ ချန်ပီယံ ဘာစီလိုနာ အသင်းကြီးက ၎င်းတို့သည် အာဆင်နယ် ကပ္ပတိန် ဆက်ဖာဘရီဂက် အား စိတ်ဝင်စား နေကြောင်း အတည်ပြု လိုက်သည်။

အသက် (၂၁)နှစ်ရှိ စပိန် လက်ရွေးစင် ကွင်းလယ်လူ သည် ဘာစီလိုနာ ကစား သမားဟောင်း တဦးဖြစ်ပြီး အာဆင်နယ် နည်းပြ အာစင်းဝင်ဂါ လက်တွင် တရိပ်ရိပ် တိုးတက်လာကာ အသင်းခေါင်းဆောင် ရာထူးကိုပင် ရယူနိုင်ခဲ့သူ ဖြစ်သည်။

ဖာဘရီဂက်အား ခေါ်ယူ နိုင်ရေးတွင် မိမိတို့ အသင်းက ငွေကြေးမည်မျှ သုံးစွဲနိုင်သည် ဆိုသော အချက်က အဓိက ကျနေကြောင်း ဘာစီလိုနာ ဥက္ကဌ ယိုဟန်လာပေါ်တာ က Marca သတင်းဌာန သို့ ပြောကြားခဲ့သည်။

ယခုနှစ် အပြောင်းအရွှေ့တွင် အဓိက ကစားသမား အားဖြည့်မှု အဖြစ် အင်တာမီလန်မှ ဇလက်တန် အက်ဗရာမိုဗစ် နှင့် မက်စ်ဝဲလ် တို့(၂)ဦးကို ခေါ်ယူထားသည့် ဘာစီလိုနာသည် ဖာဘရီဂက်အား ဆက်လက် ကြိုးစားရန် ပြင်ဆင်နေကြောင်း အတည်ပြုခဲ့ရာ အာဆင်နယ် အတွက် အခက်တွေ့ရမည့် အခြေအနေနှင့် ကြံုနေရပြီ ဖြစ်သည်။

ဖာဘရီဂက် ကိုယ်တိုင်ကလည်း ၎င်း၏ ငယ်ဘဝ အသင်းထံသို့ ပြောင်းရွှေ့ရန် စိတ်ကူးမိကြောင်း ထုတ်ဖော် ပြောဆိုခဲ့ဖူးသည်။ ဖာဘရီဂက် အား ရောင်းချရန် စိတ်ကူးမရှိဟု အာဆင်နယ်က ကြေညာ ထားသော်လည်း ယူရို (၄၅)သန်း ခန့်ဖြင့် ကမ်းလှမ်းပါက အပြောင်းအရွှေ့ ဖြစ်လာနိုင်ကြောင်း သတင်းများက သုံးသပ် ဖော်ပြလျှက် ရှိနေကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here