Apple Tablet များ Notebook လောကကို လွှမ်းမိုး လာနိုင်ဟုဆို

alt

Apple မှ ထုတ်လုပ်မည့် Apple Tablet များသည် Notebook ကွန်ပျူတာ လောကကို အကြီးအကျယ် လွှမ်းမိုး လာဖွယ်ရှိကြောင်း လေ့လာ သူများက သုံးသပ် ခဲ့ကြသည်။

ထို Notebook များသည် လက်ရှိ Apple ထုတ်ကုန် Macbook များထက် ဈေးသက်သာရန် အခြေအနေ ရှိနေခြင်းကြောင့် ၀ယ်လိုအား လည်း မြင့်တက် လာနိုင်ကြောင်း၊ PC နှင့် Notebook ဈေးကွက်သည် Touchscreen နည်းပညာသုံး Apple Tablet များအတွက် အပြောင်းအလဲများ ဖြစ်လာနိုင်ကြောင်း စစ်တမ်းတခုက ဖော်ပြခဲ့သည်။

ဈေးကွက် လေ့လာသူများ ဖြစ်သည့် ဂျင်းမန်စတာ နှင့် မိုက်ကယ် အော်လဆင် တို့ (၂)ဦး ပေါင်းပြီး ပြုလုပ်သော သုတေသန ရလဒ်များက iPod ထက်ပင် ကြီးမားသော အောင်မြင်မှုကို Tablet များဖြင့် Apple က ဆောင်ကြဉ်း နိုင်ဖွယ်ရှိကြောင်း ညွှန်ပြနေသည်။

ထို့အပြင် Apple ၏ Tablet တွင် အသုံးပြုထားမည့် Touchscreen နှင့် ကိုက်ညီသော OS အသစ်သည် ပြိုင်ဘက် Microsoft ၏ Windows 7 ကို အကောင်းဆုံး ယှဉ်ပြိုင် နိုင်မည်ဟု လေ့လာသူများက ယုံကြည်လျှက် ရှိသည်။

Apple Tablet နှင့် ပတ်သက်ပြီး အမျိုးမျိုး မှန်းဆမှုများ ထွက်ပေါ် နေသော်လည်း Apple ကမူ ၎င်း၏ နည်းပညာသစ် Notebook နှင့် ပတ်သက်ပြီး တစုံတရာ ကြေညာခြင်း မရှိသေးကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here