ဗြိတိန် A/H1N1 ကူးစက်မှု လျော့ကျသောလည်း သေဆုံးမှု ဆက်လက်မြင့်

alt

ဗြိတိန် နိုင်ငံတွင် A/H1N1 ကူးစက် ပြန့်နှံ့နေမှု နှုန်းသည် ယခု သီတင်းပါတ် အတွင်း ပထမဆုံး အကြိမ် လျော့ကျ လာသော်လည်း သေနှုန်းမှာမူ ဆက်လက် မြင့်တက် နေဆဲဖြစ်ကြောင်း

ကျန်းမာရေး ၀န်ကြီးဌာနက ကြေညာ ခဲ့သည်။

နိုင်ငံအတွင်း တုပ်ကွေး ကာကွယ်ဆေးများ ဖြန့်ဝေမှုနှင့် ပညာပေး လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက် နေပြီးနောက် ရောဂါ ကူးစက်မှုနှုန်းသည် အတိုင်းအတာ တခုအထိ ကျဆင်း သွားသော်လည်း သေဆုံးသူ အရေအတွက်မှာ ဩဂုတ်လ (၇)ရက် နေ့တွင် (၃၆)ဦး အထိ ရှိလာပြီ ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပါတ်က တုပ်ကွေး ကူးစက်ခံရသည့် ဝေဒနာရှင် အသစ် (၃၀၀၀၀)မျှ ပေါ်ပေါက်ခဲ့ပြီး ထိုမတိုင်မီ တပါတ်ကမူ စံချိန်တင် အရေအတွက် အဖြစ် လူပေါင်း (၁၁၀၀၀၀) ကျော် ရောဂါ ကူးစက် ခံခဲ့ရသည်။ ဩဂုတ်လ (၇)ရက် နေ့အထိ ရောဂါဒဏ်ကို အပြင်းအထန် ခံစားနေရသူ (၅၆)ဦး ရှိပြီး ဆေးရုံတွင် ကုသခံနေရသူမှာ (၅၃၀)မျှ ရှိနေကြောင်း ၀န်ကြီးဌာနက ဆိုသည်။

ဗြိတိန်သည် တုပ်ကွေး ကာကွယ်ဆေးများကို တနိုင်ငံလုံးသို့ ထိုးနှံပေးရန် အပြင်းအထန် ကြိုးစားလျက်ရှိရာ ခရစ်စမတ် ကာလတွင် တနိုင်ငံလုံး အရေအတွက်၏ ထက်ဝက်ကို ကာကွယ်ဆေး ထိုးပေးပြီးသား ဖြစ်နေစေရန် မျှော်လင့်ထားသည်။

ကမာ္ဘ့ ကျန်းမာရေး အဖွဲ့ကြီး (WHO) သည် A/H1N1 တုပ်ကွေးကို ကမာ္ဘ့ ကပ်ရောဂါအဖြစ် သတ်မှတ်ကြောင်း ဇွန်လ (၁၁) ရက်နေ့က တရားဝင် ကြေညာ လိုက်ပြီးနောက် ကမာ္ဘ့ လူဦးရေ ၏ (၃)ပုံ (၁)ပုံနှင့် ညီမျှသော လူပေါင်း သန်း(၂၀၀၀)သို့ တုပ်ကွေး ကူးစက်နိုင်သည်ဟု သတိပေး ခဲ့သည်။ ဩဂုတ်လ (၆)ရက် နေ့အထိ WHO ၏ စာရင်းအရ ကမာ္ဘတဝှမ်း တုပ်ကွေး ဖြစ်ပွားခဲ့သူ (၁၉၃၀၀၀) ကျော်ရှိပြီး (၁၃၆၂)ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here