ဒိုင်နိုဆော ရုပ်ရှင်ထဲက တိုင်ရန်နိုဆောရက်စ် ၏ သရုပ်မှန်

alt

ဒိုင်နိုဆော ရုပ်ရှင်များတွင် အစဉ်အမြဲ ပါ၀င် လေ့ရှိသည့် တိုင်ရန်နိုဆောရက်စ် (T-Rex) ခေါ် ဒိုင်နိုဆောကြီး များသည် မူလက လူအများ ယုံကြည် ထားသကဲ့သို့ ဒိုင်နိုဆော အကြီးစား များကို

စားသောက်သော အလေ့အထ မရှိခဲ့ဟု ပညာရှင်များက ဖော်ထုတ် တွေ့ရှိခဲ့သည်။

(၁၉၉၃) ခုနှစ်က ရိုက်ကူး ပြသခဲ့သော Jurassic Park ရုပ်ရှင်ဇာတ်ကား အကြီးအကျယ် အောင်မြင်မှု ရရှိ ခဲ့ပြီးနောက် လွန်ခဲ့သော နှစ်ပေါင်း (၆၅)သန်း ကျော်က ဂျူရက်ဆစ်ယုဂ် အတွင်း ကမာ္ဘပေါ်တွင် ရှင်သန် ကျက်စားခဲ့သည့် T-Rex များသည် ၎င်းတို့ ကြီးစိုးခဲ့သော ကာလအတွင်း မည်သည့် ဒိုင်နိုဆော မျိုးစိတ်ကို မဆို ဗိုလ်မထားဘဲ ရက်စက်စွာ သတ်ဖြတ်  စားသောက်တတ်သည့် သားစား ဘီလူးကြီးများ အဖြစ် မှတ်ထင် လာစေခဲ့သည်။

သို့သော်လည်း ဒိုင်နိုဆော ပညာရှင် (၂)ဦးတို့ အသစ်တွေ့ ရှိသော သုတေသန ရလဒ်များက သမိုင်းတလျှောက် သားစား သတ္တဝါများ အနက် ခန္ဓာကိုယ် အကြီးမားဆုံး အဖြစ် သတ်မှတ်ခံထားရသော T-Rex များသည် သားကောင်ငယ် များကိုသာ ဖမ်းယူ စားသောက်လေ့ရှိပြီး ၎င်းထက် အရွယ်အတန်ငယ် သေးသော အကောင်များကိုပင် စားသောက်နိုင်ခြင်း မရှိဟု ညွှန်ပြလျှက် ရှိသည်။ T-Rex များသည် အရှည် (၄၅)ပေ အထိ ရှိတတ်ပြီး မတ်တတ် ရပ်နေချိန်တွင် (၁၅)ပေမျှ အထိ အမြင့်ရှိကာ (၇.၅)တန် အထိ အလေးချိန်စီးသည့် ဧရာမ ဒိုင်နိုဆောကြီးများ ဖြစ်သည်။

ဗြိတိန်ဖွား တရုတ်နိုင်ငံသား ဒေးဗစ်ဟွန်း နှင့် ဂျာမန်သား အိုလီဗာ ရွန်းဟတ်တို့က T-Rex များ၏ မေးရိုးနှင့် ခံတွင်း တည်ဆောက်ပုံကြောင့် အကောင်ကြီးသော သတ္တဝါများကို သတ်ဖြတ် စားသောက်နိုင်ခြင်း မရှိဟု ဖော်ထုတ် ပြခဲ့သည်။ ဒိုင်နိုဆော အကောင်ကြီး များသည် ခန္ဓာကိုယ် အရေပြား အလွန်ထူထပ် မာကျောလေ့ ရှိသဖြင့် T-Rex များသည် အကောင်ငယ် များကိုသာ ပစ်မှတ် ထားလေ့ရှိကြောင် တရုတ်နိုင်ငံ ကျောရိုးရှိ သတ္တဝါများ သမိုင်းစဉ် လေ့လာရေး ပညာရှင် ဟွန်းက ရှင်းပြခဲ့သည်။

ထို့အပြင် မြူးနစ် တက္ကသိုလ်မှ ပညာရှင် ရွန်းဟတ်ကလည်း ကြောက်စရာ ကောင်းလှအောင် ချွန်ထက်နေသည့် သွားကြီးများကို ပိုင်ဆိုင်သော်လည်း T-Rex များသည် ကိုယ်ထည် ကြီးမားသည့် ဒိုင်နိုဆောကြီး များ၏ အရေပြားကို ပေါက်ထွက် သွားလောက်အောင် ဖိအားပေးနိုင်သည့် ခံတွင်း တည်ဆောက်မှု မရှိကြောင်း တွက်ချက် ရှင်းလင်းပြခဲ့ပြီး T-Rex များသည် အကောင်ငယ် များကိုသာ ဖမ်းဆီး စားသောက်ရသည့် သတ္တဝါဆိုးကြီးများ အဖြစ် သက်သေပြ သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here