ဗြိတိန် ဥယျာဉ်အတွင်း ဒွိဟဖြစ်စရာ အမေဇုန်တောမှ အဆိပ်ပင် တပင်တွေ့

alt

သာမန် အားဖြင့် အမေဇုန်တော အတွင်း တွင်သာ ပေါက်ရောက်လေ့ ရှိသည့် အဆိပ်ပင် တပင် ဗြိတိန်ရှိ ဥယျာဉ်တခု အတွင်းတွင် တွေ့ရသည့် အတွက် ရုက္ခဗေဒ ပညာရှင်များ

ဒွိဟ ဖြစ်နေရကြောင်း သိရှိ ရသည်။

ထို အပင်သည် Datura Stramonimum ခေါ် မကောင်းဆိုးရွား၏ ခရုသင်း အမည်ရှိ အပင်မျိုး ဖြစ်ပြီး (၁၂)ပေ အထိ အမြင့် ရှိတတ်သည်။ ရုက္ခဗေဒ ပညာရှင် ဖီးလစ်အဲဘော့ နှင့် ခင်ပွန်းသည် တို့သည် သေးသွယ် ရှည်လျားသော အဖြူရောင် ပန်းပွင့်ရှိသည့် အပင်ကို တွေ့ရှိပြီးနောက် အလွန် အံ့ဩနေခဲ့ ကြသည်။

ထိုအပင်သည် သူမ၏ လေ့လာရေး ဥယျာဉ်ထဲတွင် ပြီးခဲ့သော နွေဦးရာသီ ကတည်းက ရှိနေခဲ့ ဟန်တူကြောင်း အဲဘော့က ပြောကြားခဲ့သည်။ ထိုအပင်သည် အလွန် အဆိပ်ပြင်းသဖြင့် မြှားဦးနှင့် လှံသွားများ၏ ထိပ်တွင် သုတ်လိမ်းသော အဆိပ်အဖြစ် တောင်အမေရိက အင်ဒီးယန်း များက အသုံးပြုခဲ့ ကြသည်။

ဗြိတိန် ရာသီဥတုနှင့် ကိုက်ညီမှု မရှိသော Nightshade မျိုးရင်းဝင် အပင်မ ှအဆိပ်သည် အာခြောက်ခြင်း၊ အမြင်အာရုံ မှုန်ဝါးခြင်း၊ နှလုံးခုန် မမှန်ခြင်း၊ ကိုမာ ၀င်ခြင်းတို့ကို ဖြစ်စေ ရုံသာမက အသက်ဘေး အတွက်ပါ အန္တရာယ် ကြီးသောကြောင့် ထိုအပင် ခြံထဲ ရောက်နေခြင်း အကြောင်းရင်းကို စဉ်းစား မရသော်လည်း စိတ်ရှုပ်မိကြောင်း အဲဘော့က ၀န်ခံခဲ့သည်။

သို့သော်လည်း ဗြိတိန်တွင် သဘာဝ အလျောက် ရှားရှားပါးပါး ပေါက်ရောက် နေသည့် အဆိပ်ပင်အား ဖယ်ရှားမည် မဟုတ်ဘဲ ခပ်ဝေးဝေး တွင်သာ ထားရှိမည်ဟု အသက်(၇၉)နှစ် ရှိပြီဖြစ်သည့် ရုက္ခဗေဒပညာရှင် အမျိုးသမီးကြီးက ဆိုသည်။ ထိုအပင်မှ ပွင့်သော ပန်းရနံ့သည် မွှေးမြ လေ့ရှိသော်လည်း ကြာရှည် ရှူရှိုက်ပါက နေထိုင် မကောင်းခြင်း၊ ခေါင်းကိုက်ခြင်းတို့ ဖြစ်တတ်သလို အစေ့ကို စားမိပါက အဆိပ်သင့်သော အခြေအနေသို့ ရောက်ရှိမည် ဖြစ်ကြောင်း အဲဘော့က ရှင်းပြသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here