လူအင်အား ဖြည့်တင်းမှုများ အေစီမီလန် ဆက်လက် ပြုလုပ်မည်

alt

ကလက်ဂျန် ဟန်တယ်လား အား ခေါ်ယူ ပြီးရုံမျှဖြင့် မိမိတို့အသင်း အင်အား ဖြည့်တင်းမှု များကို တင်းတိမ်နေမည် မဟုတ်ဟု အေစီမီလန် အသင်း ဒုတိယ ဥက္ကဌ အင်ဒရီယာနို ဂယ်လီယာနီက ပြောကြား လိုက်သည်။

အေစီသည် ရီးရဲလ် မက်ဒရစ် မှ နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူး ဟန်တယ်လား အား ယူရို (၁၅)သန်းဖြင့် ခေါ်ယူ နိုင်ခဲ့ပြီး ဖြစ်သည်။ သတင်းထောက်များက ဂယ်လီယာနီအား ဟန်တယ်လား တဦးတည်း ကိုသာ အားဖြည့်ရန် ရည်ရွယ်ထားခြင်း ဟုတ်မဟုတ် မေးမြန်းသည့် အခါ ၎င်းက ရယ်မော ငြင်းဆို သွားခဲ့သည်။

သို့သော်လည်း အေစီသည် ၎င်းတို့၏ အားထားရသော အီတလီ လက်ရွေးစင် ကွင်းလယ်လူ အင်ဒရီပိုင်လို အား ချဲလ်ဆီး၏ ကမ်းလှမ်းမှုမှ အသည်းအသန် ကာကွယ် နေရဆဲ ဖြစ်သည်။

အေစီသည် အသင်း၏ နှလုံးသားဟု တင်စား ခေါ်ဝေါ်နိုင်သည့် ဘရာဇီး လက်ရွေးစင် ရီကာဒိုကာကာ ကို ရီးရဲလ်သို့ ရောင်းချပြီးနောက် ဟန်တယ်လားအား ပြန်လည် ခေါ်ယူလိုက်ခြင်း ဖြစ်သည်။ သတင်းများအရ အေစီသည် ဂျာမန်ကလပ် ၀ုဘာ့ဂ် မှ ကွင်းလယ် တိုက်စစ်သမား အီဒန်ဒက်ဇီကို အား စိတ်ဝင် စားနေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here