မိုက်ကယ်ဂျက်ဆင် သေဆုံးမှု အကြောင်းရင်း ပဟေဠိ ဖြစ်နေဆဲ

alt

ဇွန်လ (၂၅)ရက် နေ့က ကွယ်လွန် သွားပြီဖြစ်သည့် ကမာ္ဘကျော် Pop ဂီတ အဆိုတော်ကြီး မိုက်ကယ်ဂျက်ဆင် ဆုံးပါး ခဲ့သည်မှာ (၁)လခွဲမျှ ကြာမြင့်ခဲ့ပြီ ဖြစ်သည့် တိုင် ၎င်းသေဆုံး ရခြင်း၏

အကြောင်းရင်းနှင့် ပတ်သက်ပြီး ဝေဝါး ရှုပ်ထွေးမှုများ ရှိနေဆဲ ဖြစ်သည်။

ဂျက်ဆင်သည် ၎င်း၏ ဆရာဝန် ထံမှ ကန့်သတ် ဆေးဝါးများ အလွန်အကျွံ ရယူ သုံးစွဲခဲ့ခြင်းကြောင့် သေဆုံး ခဲ့ရခြင်းဟု ယူဆမှုများ ရှိနေသလို အချို့ကလည်း အသက်(၅၀) အရွယ် ရှိပြီဖြစ်သည့် ဂျက်ဆင် သည် မိမိကိုယ်ကိုယ် သေကြောင်း ကြံခဲ့ခြင်း ဖြစ်နိုင်ကြောင်း ခန့်မှန်းခဲ့သည်။

ဒေါက်တာ ကွန်းရတ်မာရေး က ၎င်းသည် ဂျက်ဆင်အား ဆေးဝါးများ အလွန်အကျွံ သုံးစွဲရန် ခွင့်ပြုခဲ့သည် ဆိုသည့် စွပ်စွဲချက်များကို ငြင်းဆန် ထားသည်။ ဂျက်ဆင်နှင့် နီးစပ်သူ အချို့တို့က ဂျက်ဆင်သည် ညဖက် သန်းခေါင်တွင် ရုတ်တရက် လန့်နိုး လာတတ်ပြီး အလွန် ထိတ်လန့် တုန်လှုပ်တတ်သည့် အခြေအနေမျိုး ရှိခဲ့ကြောင်း၊ ထို့အခါ တည်ငြိမ်မှု ရရှိစေရန် Demerol ဆေးများ ထိုးသွင်း လေ့ရှိကြောင်း ပြောကြားခဲ့သည်။

ထို အတိုင်းမှန်ပါက ဂျက်ဆင်အနေ နှင့် အကန့်အသတ် ဖြင့်သာ သုံးစွဲသင့်သော ဆေးဝါးများကို မိမိဆန္ဒ အတိုင်း သုံးစွဲခဲ့ဟန် ရှိသည်။ ဂျက်ဆင်၏ သေမှုသေခင်း အတွက် လော့စ်အိန်ဂျယ်လိစ် ရဲဌာနက စုံစမ်း စစ်ဆေးနေဆဲ ဖြစ်ပြီး ဩဂုတ်လ (၆)ရက် နေ့ကမူ ဂျက်ဆင်၏ မိသားစုသည် ရုပ်အလောင်းကို မြေချတော့မည်ဟု ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here