အာဖဂန်တွင် အမေရိကန် စစ်သည် ၅ဦး တရက်အတွင်း ထိခိုက်ကျဆုံး

alt

အာဖဂန်နစ္စတန် နိုင်ငံတွင် တိုက်ပွဲ ၀င်နေသော အမေရိကန် စစ်သည်များ အနက် (၅)ဦး သည် ဩဂုတ်လ (၆)ရက်နေ့ တရက်တည်း၌ ကျဆုံး ခဲ့ရကြောင်း သိရှိ ရသည်။

၎င်းတို့ အနက် (၄)ဦးသည် လမ်းဘေး ဗုံးတလုံး ပေါက်ကွဲမှု အတွင်း သေဆုံးခဲ့ပြီး (၁)ဦး မှာမူ အကြမ်းဖက် သမားများနှင့် အပြန်အလှန် ပစ်ခတ် တိုက်ပွဲဝင်စဉ် ရရှိခဲ့သော ဒဏ်ရာကြောင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။

မရိန်း စစ်သည် (၄)ဦး တို့သည် အာဖဂန် အနောက်ပိုင်း ဟတ် ဒေသတွင် လမ်းဘေးဗုံးကြောင့် ၎င်းတို့၏ စစ်သုံးယာဉ် ပေါက်ကွဲမှု အတွင်း အသက်ဆုံးရှုံးခဲ့သလို ရေတပ် တိုက်ခိုက်ရေး တပ်သား တဦးမှာလည်း ထိုနေ့ မတိုင်ခင် တရက်က တိုက်ပွဲတွင် ရရှိခဲ့သော ဒဏ်ရာကြောင့် ဆေးရုံတွင် ကွယ်လွန် သွားခဲ့ရသည်။

အာဖဂန်တွင် တပ်စွဲထားသည့် အမေရိကန် ဦးဆောင်သော နိုင်ငံတကာ တပ်ဖွဲ့များသည် ယခုနှစ် အတွင်း ပိုမို များပြားလာသော တုန့်ပြန် တိုက်ခိုက်မှုများ ဒါဏ်ကို အလူးအလဲ ခံနေရပြီး စစ်ရေး အကြီးအကဲ များမှာလည်း ဗျာများရသော အခြေအနေနှင့် ကြံုတွေ့ နေရသည်။

ဥပမာ အားဖြင့် မေလ အတွင်းက နိုင်ငံအတွင်း ဗုံးခွဲမှု (၄၆၅)ခု အထိ စံချိန်တင် ပေါ်ပေါက်ခဲ့ပြီး ပြီးခဲ့သောနှစ် မေလ ကထက် (၂)ဆမျှ တိုးပွားလာခြင်း ဖြစ်သည်။ ဩဂုတ်လ အတွင်း တိုက်ခိုက်မှု များကြောင့် သေဆုံးသူ အရေအတွက်မှာ တပါတ်မျှ အတွင်း (၁၁)ဦး အထိ မြင့်တက် လာကြောင်းလည်း အမေရိကန် စစ်ဘက်က အတည်ပြု ကြေညာ သွားခဲ့ချေသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here