ထိုင်ဝမ်နိုင်ငံသို့ တိုင်ဖွန်း မုန်တိုင်း ဝင်ရောက် တိုက်ခတ်

alt

ထိုင်ဝမ်နိုင်ငံသို့ ဦးတည် လာနေသော မိုရာကော့ တိုင်ဖွန်း မုန်တိုင်းသည် တစ ထက် တစ အားကောင်း လာကာ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဇွန်လ (၇) ရက်နေ့က တိုက်ခတ်ခဲ့သော မုန်တိုင်းကြီး၏ ပမာဏ သည် အကျယ်အားဖြင့် (၁၀၅၆) မိုင်အထိ ရှိလာနေကြောင်း NASA ၏ ဂြိုဟ်တု ဓာတ်ပုံက ဖော်ပြခဲ့ပြီး ထိုအရွယ်အစား သည် ပြီးခဲ့သည့် (၂) ရက်က နှင့် နှိုင်းယှဉ်ပါက (၂) ဆမျှ ကြီးထွား လာခဲ့ခြင်း ဖြစ်သည်။

ဩဂုတ်လ (၇) ရက်နေ့ ညပိုင်းတွင် ထိုင်ဝမ်နိုင်ငံသို့ ၀င်ရောက် တိုက်ခတ်ခဲ့သည် မုန်တိုင်းကြီး ၏ ဩဂုတ်လ (၅) ရက်နေ့က အရွယ်အစားမှာ (၅၂၈) မိုင်သာ ရှိခဲ့ပြီး ယခု တိုက်ခိုက်ခဲ့သော မုန်တိုင်းကြီး ၏ အရွယ်အစား သည် အမေရိကန်ရှိ အော်လန်ဒို၊ ဖီလာဒဲဖီးယား၊ ပင်ဆယ်ဗေးနီးယား၊ ဖလော်ရီဒါစသော ပြည်နယ်ကြီးများ ထက်ပင် ကြီးထွားနေပြီး တနာရီလျှင် (၉၂) မိုင်နှုန်း ဖြင့် တိုက်ခတ် နေခဲ့သည်။

ထိုင်ဝမ်တွင် မုန်တိုင်းကြောင့် ကျောင်း နှင့် ရုံးများ ပိတ်ထားရန် အစိုးရ အာဏာပိုင်များက ဆော်ဩ ခဲ့ကြပြီး ရာသီဥတု ဆိုးရွားလာချိန်တွင် အသေအပျောက်များ ရှိလာမည်ကို စိုးရိမ် နေခဲ့သည်တိုင်၊ အပျက်အစီး ကြောင့် ဒေါ်လာ ၂၅ သန်း ကျော် ရှုံးဆုံးခဲ့ရပြီး၊ အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေရသည်။ ထို့အပြင် နိုင်ငံမြောက်ပိုင်းရှိ ဒေသအချို့တို့တွင် ရေကြီးမှု၊ မြေပြိုမှုများအား ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး များထံ သတိပေးချက်များ ထပ်မံ ပေးပို့ ထားခဲ့ကြသည်။

မိုးလေဝသ ပညာရှင်များ၏ ခန့်မှန်းမှုအရ မိုရာကော့သည် ယခုလက်ရှိ တိုက်ခတ် နေသည်ထက် ပြင်းထန်သော အရှိန်အဟုန်ဖြင့် ထိုင်ဝမ် မြောက်ပိုင်း ကို ဖြတ်ကျော်ပြီး တရုတ်နိုင်ငံ သို့ အဆုံးသတ် အဖြစ် ကုန်တွင်းဝင်ရောက် အင်အား ပျက်ပြယ် သွားနိုင်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here