Sony e-Book Reader ထုတ်လုပ်

alt

Sonyသည် ဒီဂျစ်တယ် စာအုပ်ပေါင်း (၃၅၀) ခန့်ကို သိုမှီးထားနိုင်မည့် e-book reader တမျိုးကို ထုတ်လုပ် လိုက်ပြီ ဖြစ်သည်။

ဂျပန် အခြေစိုက် အီလက်ထရောနစ် ကုမ္မဏီကြီး က Amazon ၏ Kindle 2 ကို ယှဉ်ပြိုင် နိုင်မည့် အဆိုပါ အိတ်ဆောင် reader လေးအား ဈေးနှုန်းဒေါ်လာ (၂၀၀) အောက်သာ သတ်မှတ် ထားကြောင်း သိရှိရသည်။

ဩဂုတ်လ (၄) ရက်နေ့က တရားဝင် ထုတ်ဖော် ပြသလိုက်သည့် reader သည် (၅) လက်မအရွယ် Display ပါရှိပြီး အလွယ်တကူ သယ်ယူ သွားနိုင်ရန် စီမံ ထားကြောင်း Sony က ကြေညာသည်။ တိုကျိုမြို့ မှ ကုမ္မဏီကြီးက ဈေးနှုန်း သက်သာသော ယခု reader လေးများက ဈေးကွက်ကို ထိုးဖောက် နိုင်မည်ဟု မျှော်လင့် ထားကြောင်း ပြောကြား ခဲ့သည်။

Sony ၏ Reader လေးများသည် အရောင်(၃) မျိုးဖြင့် ထုတ်လုပ်ထားပြီး အပြာရောင်၊ နှင်းဆီရောင် နှင့် ငွေရောင် တို့ ဖြစ်ကြသည်။ Sony က မျက်နှာပြင် Display (၆) လက်မရှိသော (၂၉၉) ဒေါ်လာတန် Reader များ ထုတ်လုပ်ရေးကို ဆက်လက်ဆောင်ရွက် နေကြောင်း ကြေညာ ခဲ့သေးသည်။

e-book reader များသည် (၂၀၀၇) ခုနှစ် က ဈေးကွက်အတွင်း စတင် ရောက်ရှိ လာပြီးနောက် ယခုအချိန် အထိ အလုံးရေ (၁.၅) သန်းကျော်မျှ ရောင်းချ ထားရကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here