ဗြိတိန် အလုပ်အကိုင်မဲ့ ခလေးများ ၏ အန္တရာယ်

alt

အလုပ် အကိုင်မရှိဘဲ ကာလ ရှည်ကြာစွာ လေလွင့် နေသည့် လူငယ် (၆) ဦး အနက် (၁) ဦးသည် (၁၀) နှစ် အတွင်း သေဆုံး လေ့ရှိကြောင်း ဗြိတိန် နိုင်ငံက ကောက်ခံသော စစ်တမ်း တခုတွင် ဖော်ပြ လိုက်သည်။

(၁၉၉၉) ခုနှစ် နောက်ပိုင်း စာရင်းများအရ ဗြိတိန် ၏ မြို့တခု တွင် လေ့လာခဲ့မှု အရ Neet များ ၏ (၁၅) ရာခိုင်နှုန်း ကျော်သည် လမ်းပေါ်တွင် လေလွင့်ရင်း မူးယစ်ဆေးဝါး အလွန်အကျွံ သုံးစွဲခြင်း၊ အရက်သောက်ခြင်း တို့ကြောင့် သေဆုံး ခဲ့သည် တွေ့ရှိခဲ့သည်။ Neet ဆိုသည်မှာ အလုပ်လည်း မလုပ်၊ ကျောင်းလည်း မတက်၊ အခြားသော အကျိုးပြု ကိစ္စ တခုခုလည်း ဆောင်ရွက် မနေသည့် လူငယ်များ ကို အတိုကောက် ခေါ်ဝေါ်ခြင်း ဖြစ်သည်။

စာရင်း ကောက်ခံရာမြို့ ၏ အမည်ကို ဖော်ပြ မထားသော်လည်း ထိုမြို့ ၏ Neet စုစုပေါင်း ၏ (၁၆) ရာခိုင်နှုန်း မျှရှိသော အသက် (၁၆) နှစ် နှင့် (၂၄) နှစ်ကြား လူငယ် (၉၃၅၀၀) သည် ပြီးခဲ့သော (၁၀) နှစ် အတွင်း အရွယ် မရောက်သေးခင် သေဆုံး ခဲ့ကြရသည်။

ဗြိတိန် အစိုးရ သည် လွန်ခဲ့သော (၁၆) နှစ်တာ ကာလမှ စပြီး ကျောင်းနေသူ ဦးရေ အဆိုးရွားဆုံး ကျဆင်း လာခြင်းအပေါ် ပူပင် ကြောင့်ကြနေဆဲတွင် ယခု စစ်တမ်းကြောင့် ပိုမို ခေါင်းခဲစရာ ကြံုတွေ့ လာရကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here