Celebrity များကို ခြိမ်းခြောက်စာ ပို့ခဲ့သူအား တရားစွဲဆို

alt

ဂျေးဇက် နှင့် ဘီယွန်းဆေး တို့ ဇနီးမောင်နှံ အပါအဝင် နာမည်ကျော် Celebrity အတော်များများ အား သတ်ပစ်မည် ဆိုသော ခြိမ်းခြောက် စာများ ပေးပို့ ခဲ့ကြောင်း ယူဆရသူ တဦးအား ဒက်ထရွိုက် ရဲတပ်ဖွဲ့က တရားစွဲဆို ထားကြောင်း သိရသည်။

လီယွန်ဒက်စမွန် သည် (၂၀၀၆) ခုနှစ်၊ ဒီဇင်ဘာလမှ (၂၀၀၉) ခုနှစ်၊ ဧပြီလ အတွင်း နာမည်ကျော် အနုပညာရှင်များ ထံ အသက်အန္တရာယ် ခြိမ်းခြောက်စာ တဒါဇင်ထက် မနည်းရေးသား ပေးပို့ ခဲ့ကြောင်း စွပ်စွဲ ခံထားရ သူဖြစ်သည်။

ရဲများ၏ အဆိုအရ လက်ရေး မှတ်တမ်းများ ကို စစ်ဆေး ကြည့်ပါက လီယွန် သည် မသင်္ကာသူ စာရင်းတွင် နံပါတ် (၁) နေရာမှ ရှိနေကြောင်း သိရသည်။ အသက် (၃၇) နှစ်ရှိ ဒက်စမွန်ကမူ ၎င်းအနေ နှင့် ထိုစာများ ကို မရေးသား ခဲ့ကြောင်း ငြင်းဆို ထားသည်။

ဒက်စမွန်အား ဩဂုတ်လ (၈) ရက်နေ့က ပထမဆုံး အကြိမ် ကြားနာ စစ်ေးဆမှု ပြုလုပ်ခဲ့ပြီး ဆက်လက် စုံစမ်းမှုများ ပြုလုပ် သွားဦးမည် ဖြစ်ကြောင်း ဒက်ထရွိုက် ရဲဌာနက ကြေညာ ထားလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here