ပါကစ္စတန် တာလီဘန် ခေါင်းဆောင် သေဆုံးပြီ

alt

ပါကစ္စတန် ထောက်လှမ်းရေး တာဝန် ရှိသူများ က ဒေသဆိုင်ရာ တာလီဘန် ခေါင်းဆောင်သည် သေဆုံးသွားပြီ ဖြစ်ကြောင်း အတည်ပြု ကြေညာ လိုက်သည်။

ပါကစ္စတန် ၏ ထိပ်တန်း ထောက်လှမ်းရေး အရာရှိ (၃) ဦးက ဩဂုတ်လ (၇) ရက်နေ့က ကြေညာချက်တွင် နိုင်ငံ အတွင်း အသေခံ ဗုံးခွဲမှုများ အပါအဝင် အကြမ်းဖက်မှုများ ကို ကြိုးကိုင် ဆောင်ရွက်ခဲ့သည့် ဘိတ်တူလား မာဆက် သည် အမေရိကန် CIA မှ ပစ်လွှတ်သော ဒုံးကျည်ကြောင့် သေဆုံးသွားပြီ ဖြစ်ပြီး ၎င်း၏ အလောင်းကို မြှုပ်နှံ လိုက်ကြောင်း ပါရှိသည်။

သို့သော်လည်း ၎င်းတို့ အနက်မှ တစ်ဦး ကမူ အတန်ငယ် ကွဲပြားစွာဖြင့် ထောက်လှမ်းရေး ဘက်မှ ပုဂ္ဂိုလ်များ သည် မာဆက်၏ အလောင်းကို အသေအချာ တွေ့ရှိခဲ့ခြင်း မရှိကြောင်း ပြောကြား လိုက်ပြန်သည်။ ဩဂုတ်လ (၅) ရက် နေ့က ပစ်ခတ်ခဲ့သော အမေရိကန် ဒုံးကျည် သည် ယောက္ခမအိမ် သို့ ရောက်ရှိနေသော မာဆက် ကိုသာမက ၎င်း၏ ဇနီး တဦးကိုပါ သေဆုံး စေခဲ့သည်ဟု အချို့ကမူ သုံးသပ်ကြသည်။

ပါကစ္စတန် တပ်ဖွဲ့များသည် မာဆက် ၏ အလောင်းကို ၀ါဇီရစ်စတန် တောင်ပိုင်း ရှိ နာဒူဆိုင်းရွာ တွင် မြှုပ်နှံ ပေးလိုက်ကြောင်း ထောက်လှမ်းရေး ဌာနက ကြေညာသည်။ ထိုနေရာသည် တာလီဘန် တပ်ဖွဲ့များ အင်အား ကောင်းစွာ လွှမ်းမိုးထားဆဲ ဒေသ တခုလည်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here