အမျိုးသမီးများ ကလေး ရလိုလျှင် အရက် နှင့် ကော်ဖီ ရှောင်ကြဉ်သင့်

alt

ဗြိတိန်မှ ဆရာဝန် တဦးက ကိုယ်ဝန်ဆောင် လိုသော အမျိုးသမီးများ အနေနှင့် အရက်နှင့် ကော်ဖီကို ရှောင်ကြဉ်ပါက အကျိုးထူး နိုင်ကြောင်း   အကြံပြု လိုက်သည်။

မန်ချက်စတာ မက်ထရို ပိုလီတန် တက္ကသိုလ်မှ ဒေါက်တာ အမ်မာ ဒါဘီရှိုင်းယား က သားသမီး လိုချင်သော အမျိုးသမီးများ အနေနှင့် ထိုအရာများ ကို စွန့်လွှတ် ထားပါက ဆေးခန်းများ သို့သွားပြီး ဆေးဝါး အကူအညီများ ယူနေသည်ထက် များစွာ အကျိုးထူးမည် ဖြစ်ကြောင်း ထောက်ခံလိုက်သည်။

ကဖိန်းဓာတ်နှင့် အယ်ကိုဟောသည် သန္ဓေအောင်မှု ကို ယုတ်လျော့ ကျဆင်း စေပြီး သားသမီး ရရှိရေး အတွက် အတားအဆီး ဖြစ်တတ်ကြောင်း ဒေါက်တာအမ်မာ က ရှင်းပြခဲ့သည်။

ကော်ဖီ နှင့် အရက်ကို စွဲစွဲမြဲမြဲ သောက်နေခြင်း သည် အမျိုးသမီး တဦး အမှန်တကယ် ကိုယ်ဝန် ရှိနိုင်မည့် အနေအထား ကို (၂) လမျှ နောက်ကျ သွားစေ တတ်ကြောင်း သိရသည်။ ထို့အပြင် ဆေးလိပ် လုံးဝ မသောက်သော အလေ့အထ သည်လည်း သန္ဓေ အောင်ရေးအတွက် အကျိုးထူး စေမည် ဖြစ်ကြောင်း ဒေါက်တာအမ်မာ က ပြောကြား ခဲ့သည်။

အမျိုးသမီး တဦးစီ၏ နေထိုင်ပုံ အလေ့အထသည် သားသမီး ရရေး၊ မရရေး နှင့် တိုက်ရိုက် ဆက်စပ် နေနိုင်သဖြင့် လုပ်ငန်းခွင်တွင် တနေ့ ကော်ဖီ (၃)ခွက်မျှ ပုံမှန် သောက်နေသော အလေ့ အကျင့်မျိုးကို ရှောင်ရှား သင့်ကြောင်း ဒေါက်တာအမ်မာ က တိုက်တွန်း သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here