မာရူနီချာမက် အား ခေါ်ယူရေး အာစင်းဝင်းဂါး သုံးသပ်

alt

မာရူနီချာမက် သည် အာဆင်နယ် နှင့် အသင့်တော်ဆုံး တိုက်စစ်မှူး ဖြစ်ကြောင်း အာဆင်နယ် နည်းပြကြီး အာစင်းဝင်းဂါး က ၀န်ခံ ခဲ့သော်လည်း ၎င်းအတွက် မတန်တဆ ဈေးပေးခြင်းမျိုး မလုပ် နိုင်ကြောင်း ပြောကြားလိုက်သည်။

ပြင်သစ် ကလပ် ဘောဒိုး မှ အသက် (၂၅) နှစ်အရွယ် တိုက်စစ်မှူး အတွက် အာဆင်နယ် ၏ ကနဦး ကမ်းလှမ်းငွေ ပေါင် (၆) သန်း ကို ဘောဒိုး က ပယ်ချ ထားပြီး နောက် အာဆင်နယ် သည် ပေါင် (၇.၅) သန်းဖြင့် ထပ်မံ ကြိုးစားခေါ်ယူရန် ပြင်ဆင်လျှက် ရှိသည်။ သို့သော်လည်း ပြင်သစ် ကလပ် က ၎င်းတို့၏ တိုက်စစ်မှူးအား ပေါင်(၁၀)သန်းနှင့် အထက် ကမ်းလှမ်းမှ လက်လွှတ်ခံမည်ဟု လေသံ ပစ်ထားခဲ့သည်။

ချာမက် ကိုယ်တိုင် က အင်္ဂလန် ထိပ်သီး ကလပ်သို့ ပြောင်းရွှေ့ လိုသော်လည်း ဘောဒိုး ကမူ သဘောထား တင်းမာနေဆဲ ဖြစ်ပြီး ခေါ်ဈေး မြင့်သည့် အတွက် စိတ်ပျက်မိသည်ဟု ၀င်းဂါး က ညည်းညူ ခဲ့သည်။ ချာမက် အား အခြားသော အင်္ဂလန် ကလပ်များ ဖြစ်သည့် ဘလက်ဘန်း ရိုဗာ နှင့် ဆန်းဒါးလန်း တို့က တိုက်စစ်မှူး အသစ်များ ခေါ်ယူ ပြီးသည့်တိုင် စိတ်ဝင်စားလျှက် ရှိနေဆဲပင် ဖြစ်သည်။

အာဆင်နယ်အသင်း မှ အီမန်နျူရယ်လ် အဒီဘာယော ထွက်ခွာ သွားပြီးနောက် တိုက်စစ်မှူး အသစ် ၀ယ်ယူရန် ပြင်ဆင်နေသည့် ၀င်းဂါးက ချာမက် ကို လိုချင်သည့်တိုင် ဖြစ်မလာ ပါက  မိမိ ထံတွင် ရော်ဘင်ဗန်ပါစီ၊ နစ်ကလက်ဘန်တနာ၊ အီကွာဒိုဒါဆေးဗား နှင့် ကားလို့စ် ဗီလာတို့ ကဲ့သို့ အဆင့်မီ တိုက်စစ်မှူး (၄) ဦး ရှိနေ သေးကြောင်း ပြောကြား ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here