ရုရှား လက်နက်များ ဗင်နီဇွဲလား ဝယ်ယူမည်

alt

ဗင်နီဇွဲလား နိုင်ငံ အနေနှင့် ရုရှားနိုင်ငံမှ လက်နက်များ ၀ယ်ယူ သွားရန် အစီအစဉ် ရှိကြောင်း သမတ ဟူဂိုချားဗက်က ပြောကြား လိုက်သည်။

အမေရိကန်နှင့် ဆက်ဆံရေး မချောမွေ့သော နိုင်ငံနှစ်ခုကြား ယခု အစီအစဉ်သည် စစ်ရေး ပူးပေါင်းမှု ပိုမို တိုးတက်လာခြင်း၏ ပြယုဂ် တခုဖြစ်ပြီး ၀ါရှင်တန် အစိုးရအတွက် သတိပြုစရာ အနေအထား ဖြစ်လာခဲ့သည်။

ယခု သဘောတူညီမှု အရ ရုရှားလုပ် ခေတ်မီ တင့်ကား ဒါဇင် အတော်များများကို ဗင်နီဇွဲလား တပ်မတော် အတွက် ဖြည့်တင်း သွားမည်ဖြစ်ပြီး ကာကွယ်ရေး ရည်မှန်းချက် အတွက် အရေးပါသော ခြေလှမ်း တရပ်ဟု ချားဗက်က ပြောကြားခဲ့သည်။

ရုရှားနှင့် ဗင်နီဇွဲလား တို့သည် ရင်းနှီးသော ဆက်ဆံမှုများ ရှိနေခဲ့ပြီး (၂၀၀၅)မှ (၂၀၀၇)ခုနှစ် အတွင်း လက်နက် ရောင်းဝယ်မှု စာချုပ်(၁၂)ခု ချုပ်  ဆိုခဲ့ပြီး ရုရှားထံမှ ဗင်နီဇွဲလားက (၄.၄)ဘီလျံ ဒေါ်လာဖိုး လက်နက်များ ၀ယ်ယူ တပ်ဆင်ခဲ့သည်။ ထို စာချုပ်များအရ ရုရှားသည် ဗင်နီဇွဲလားသို့ ဆူခွိုင်း ဂျက်တိုက်လေယာဉ် (၂၄)စင်း၊ တိုက်ခိုက်ရေး ရဟတ်ယာဉ် အစင်း(၅၀) နှင့် ကလာရှနီကော့ ရိုင်ဖယ် အလက်တသိန်း ထောက်ပံ့ ပေးခဲ့သည်။

ယခု သဘောတူညီမှု အရ ဗင်နီဇွဲလားသည် ရုရှားလုပ် BMP-3 တင့်ကား၊ T-72 တင့်ကားနှင့် MPR တင့်ကား အစင်း(၃၀)မှ (၄၀) အကြား ၀ယ်ယူ သွားမည်ဖြစ်သည်။ ထို ကိစ္စအတွက် ချားဗက်သည် ရုရှား ၀န်ကြီးချုပ် ဗလာဒီမာ ပူတင်ဆီ ဖုန်းဆက်ပြီး အကြေအလည် ဆွေးနွေးခဲ့ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here