ထွက်ပြေး တိမ်းရှောင်နေသည့် တမီလ် ကျားသူပုန် ခေါင်းဆောင် ဖမ်းဆီးရမိ

alt

ပင်လယ် ရပ်ခြားသို့ ထွက်ပြေး တိမ်းရှောင် နေသော တမီလ် ကျားသူပုန် ခေါင်းဆောင် တဦးအား ဖမ်းဆီး ရမိကြောင်း သီရိလင်္ကာ အစိုးရက ဩဂုတ်လ (၇)ရက် နေ့တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။

KP ဟု လူသိများသော ဆယ်ဗရာဆာ ပသာမန်နာသန် သည် မေလ အတွင်းက သီရိလင်္ကာ စစ်တပ်၏ ချေမှုန်းမှုကြောင့် လုံးဝ ပြိုကွဲသွားပြီ ဖြစ်သည့် တမီလ် ကျားတို့အနက် ဩဇာကြီးမားသူ တဦးလည်း ဖြစ်သည်။

၎င်းအား ထိုင်းနိုင်ငံတွင် ဩဂုတ်လ (၆)ရက် နေ့က ဖမ်းဆီး နိုင်ခဲ့ကြောင်း သီရိလင်္ကာ သတင်းဌာန များက ကြေညာသော်လည်း ထိုင်း အစိုးရက ငြင်းဆန်ခဲ့ပြီး KP အား ဖမ်းဆီး နိုင်ခဲ့သည့် နေရာသည် ၎င်း ထိုင်းနိုင်ငံသို့ လာရောက်ရန် စီစဉ်ထားသည့် တရက်အလို ဩဂုတ်လ (၅)ရက် နေ့က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ မြို့တွင်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။

ယခုအခါ KP အား သီရိလင်္ကာ နိုင်ငံသို့ ပြန်လည် ခေါ်ဆောင်လာပြီ ဖြစ်ပြီး ဥပဒေကြောင်းအရ စစ်ဆေးမှုများ မပြုလုပ်မီ လုံခြံု လျှို့ဝှက်သော နေရာတွင် ထိန်းသိမ်း ထားကြောင်း သိရှိရသည်။ KP အား ဖမ်းဆီးနိုင်ရေး ကြိုးပမ်းမှုသည် သီရိလင်္ကာ အစိုးရ၏ တမီလ် ကျားသူပုန် နှိမ်နင်းရေး နိုင်ငံရပ်ခြား စီမံကိန်းများတွင် အကြီးမားဆုံး စစ်ဆင်ရေး တခုလည်း ဖြစ်ကြောင်း သတင်းများက ရေးသား ဖော်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here