လေ ရဟတ်အနီး နေထိုင်သူများ နှလုံးရောဂါ ပိုဖြစ်နိုင်

alt

လေရဟတ်များ အနီး နေထိုင်သူ များသည် နှလုံးရောဂါ ဖြစ်နိုင်ခြေ တိုးမြင့် လာမှုကို ကြံုရ နိုင်ကြောင်း ဗြိတိန် ကျန်းမာရေး ပညာရှင်များက သတိပေး လိုက်သည်။

ဗြိတိန် နိုင်ငံတွင် လေရဟတ်ပေါင်း (၂၁၉)ခု တပ်ဆင် ထားပြီး နောက်ထပ် (၄၀၀၀)ကျော် အထိ တိုးမြှင့်သွားရန် ပြင်ဆင် နေသော်လည်း စွမ်းအင် ကဏ္ဍအတွက် အသုံးဝင်သည့် ယင်း ကိရိယာများသည် လူ့ ကျန်းမာရေး အတွက်မူ အန္တရာယ် ကြီးကြောင်း သိရှိရသည်။

ဗြိတိန် တက္ကသိုလ် အချို့မှ ပညာရှင်များ ပူးပေါင်းကာ သုတေသန ပြုမှုများက လေရဟတ်မှ ထွက်ပေါ်လာသော ဆူညံမှု များသည် နှလုံး၏ ကျန်းမာရေးကို ထိခိုက်စေသလို လေဖြတ်ခြင်း ကိုလည်း ပေါ်ပေါက် လာစေရန် တွန်းအား ပေးတတ်ကြောင်း ညွှန်ပြလျှက် ရှိသည်။

ဆရာဝန်များက လူအများ အနေနှင့် လေရဟတ်များ၏ အနီးတဝိုက်တွင် နေထိုင်ရန် မသင့်ကြောင်း အကြံပြုလိုက်ပြီး နေ့လယ်ပိုင်းတွင် လေရဟတ်များ ထံမှ ပြန့်လွင့် လာသည့် ဆူညံသံများကို နားမခံနိုင်အောင် နေ့စဉ်  ကြားနေရသူ များမှာလည်း အိပ်မက်ဆိုးများ မက်ခြင်းနှင့် အိပ်မပျော်ခြင်း စသော ဘေးထွက် ဆိုးကျိုးများ ကြံုတွေ့ ရတတ်ကြောင်း ရှင်းပြခဲ့သည်။

လေရဟတ်များ လည်ရာမှ ထွက်ပေါ်လာသော အသံသည် တုန်ခါနှုန်း နိမ့်သော်လည်း လူ့နားဆီကို ထိခိုက်မှုများ ပေါ်ပေါက် စေကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here