ဒမ်မီမိုးတို့ စီးနင်းလာသည့် လေယာဉ် အရေးပေါ် ဆင်းသက်ခဲ့ရ

alt

၎င်းတို့ စီးနင်းလာသည့် ကိုယ်ပိုင် လေယာဉ် အရေးပေါ် ဆင်းသက် ခဲ့ရသည့် အတွေ့ အကြံုသည် အလွန် ခြောက်ခြားစရာ ကောင်းကြောင်း အက်ရှ်တွန် ခတ်ချာ နှင့် ဒမ်မီမိုး တို့က

Twitter ဆိုရှယ် နက်ဝပ်(ခ်) တွင် ရေးသား ဖော်ပြ ခဲ့ကြသည်။

နယူးယောက်သို့ ဦးတည် ပျံသန်းမည့် လေယာဉ်သည် အင်ဂျင် အပူချိန် စိုးရိမ်ဖွယ်ရာ မြင့်မား လာပြီးနောက် ဩဂုတ်လ (၆)ရက် နေ့က လတ်စ်ဗေးဂက် သို့ အရေးပေါ် ဆင်းသက်ခဲ့ရခြင်း ဖြစ်သည်။ အင်ဂျင် နှစ်လုံးတပ် Hawker လေယာဉ်မှ လေယာဉ်မှူးသည် အင်ဂျင် အနေအထား မူ မမှန်ကြောင်း အချက်ပြ မီးလုံး လင်းနေသည်ကို တွေ့ရှိပြီးနောက် မက်ကာရန် နိုင်ငံတကာ လေဆိပ်သို့ အောင်မြင်စွာ ပြန်လည် ဆင်းသက်နိုင်ခဲ့သည်။

အချက်ပြ မီးက အင်ဂျင်သည် ၀န်အား မမျှတစွာ လည်ပတ်နေကြောင်း ပြသ နေခဲ့ခြင်းဟု သိရသည်။ လေယာဉ်သည် ဒေသစံတော်ချိန် နေ့လယ် (၁)နာရီတွင် ပြန်လည် ဆင်းသက်လာရာ မီးသတ်ကားများ၊ ဆေးရုံ ကားများက အသင့် အနေအထား စောင့်ဆိုင်း နေခဲ့သော်လည်း လေယာဉ်ပေါ် ပါသူ တဦးမျှ ဒဏ်ရာ မရခဲ့ပေ။

ကက်ချားက ၎င်းတို့လေယာဉ် အရေးပေါ် ဆင်းသက်ရမှုကို Twitter တွင် ချက်ချင်း Post တင်ခဲ့ပြီး မိုးကလည်း မြေပြင်ပေါ်သို့ ဘေးကင်းစွာ ရောက်လာသော အချိန်သည် သူမ ဘဝတွင် ကျေနပ်စရာ အကောင်းဆုံး အခိုက်အတန့်ဟု ဖြည့်စွက် ရေးသားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here