မွမ်ဘိုင်း ဗုံးခွဲတရားခံများ အား သေဒဏ်ချမှတ်

alt

၂၀၀၃ ခုနှစ်က မွမ်ဘိုင်းမြို့တွင် ဗုံး ဖောက်ခွဲခဲ့သည့် တရားခံ (၃)ဦးအား အိန္ဒိယ တရားရုံး တခုက သေဒဏ်များ ချမှတ် လိုက်ကြောင်း သိရှိရသည်။

ထိုစဉ်က ဖြစ်ပွားခဲ့သော ဗုံးဖောက်ခွဲမှု များကြောင့် လူ(၅၀)ကျော် သေဆုံး ခဲ့ရသည်။ ထို ကိစ္စအတွက် ကြိုးကိုင်ခဲ့သူ ဟာနိဆာယက်၊ ၎င်း၏ ဇနီး ဖာမီဒါ နှင့် လုပ်ဖော်ကိုင်ဖက် အက်ရှာရက် အန်ဆာရီတို့ (၃)ဦးမှာ လုပ်ကြံမှု၊ လူသတ်မှုများ အတွက် ပြစ်မှု ထင်ရှားကြောင်း ပြီးခဲ့သည့် လ ကတည်းက ဆုံးဖြတ် ခံရပြီး ဖြစ်သည်။

ယခုအခါ အပြီးသတ် စီရင်ချက် အဖြစ် တရားခံ (၃)ဦး တို့အား သေဒဏ် အတည်ပြု ချမှတ်လိုက်ပြီ ဖြစ်သည်။ ယင်းတို့ (၃)ဦးသည် (၂၀၀၃) ခုနှစ်၊ ဩဂုတ်လ တွင်းက အိန္ဒိယ ဂိတ်ပေါက်ကြီး၊ ဇာဗရီဘာဇားဈေး နှင့် မွမ်ဘိုင်း ဒီဗီ ဘုရားကျောင်း တို့အနီး လူစည်ကားသော နေရာများတွင် ဗုံးခွဲခဲ့ကြခြင်း ဖြစ်သည်။

၎င်းတို့၏ လုပ်ရပ်အတွင်း လူအများအပြား သေဆုံးခဲ့သလို (၁၈၀)ကျော် ဒဏ်ရာ ရရှိခဲ့သည်။ မွမ်ဘိုင်း တရားရုံး တရားခံများတွင် အိန္ဒိယနိုင်ငံ အကြမ်းဖက်မှု ဟန့်တားရေး အက် ဥပဒေအရ အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး ပြစ်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ထို တရားခံ (၃)ဦးတို့ အနေနှင့် အယူခံ ၀င်ပါကလည်း အောင်မြင်ဖွယ် မရှိကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here