ရန်ကုန်-မန္တလေး အဝေးပြေး လမ်းမပေါ် ယာဉ်တိုက်မှု လူ၄ဦး သေဆုံး

alt

မြန်မာ နိုင်ငံ၏ အဓိက မြို့ကြီး နှစ်မြို့  ဆက်သွယ် ပေးထားသော ရန်ကုန်-မန္တလေး အဝေးပြေး ကားလမ်းပေါ်တွင် ဖြစ်ပွားခဲ့သော ယာဉ် တိုက်မှုကြောင့် လူ(၄)ဦး သေဆုံး သွားကြောင်း စစ် အစိုးရပိုင်

သတင်း ဌာနများက ဩဂုတ်လ (၇)ရက် နေ့တွင် ပြည်တွင်း မီဒီယာများမှ တဆင့် ဖော်ပြ ခဲ့ကြသည်။ မြန်မာနိုင်ငံ မြောက်ပိုင်းရှိ အဝေးပြေး လမ်းမပေါ်တွင် ခရီးသည်တင် ထရပ်ကား နှစ်စင်း ဩဂုတ်လ (၃)ရက် နေ့က တိုက်မိခဲ့ရာ နောက်ထပ် လူ(၂၃)ဦး ဒဏ်ရာများ ရရှိခဲ့ သေးသည်။

နှစ်စင်းပေါင်း လူ(၄၀) ပါရှိသော ကားများ တိုက်မိချိန်တွင် လူ(၇)ဦး ထို နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကာ နောက်ထပ် (၁)ဦးမှာ ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ခြင်း ဖြစ်သည်။

ယခု ဖြစ်ပွားသော ယာဉ်တိုက်မှုနှင့် စပ်လျဉ်းပြီး ယာဉ်မောင်း နှစ်ဦးအား ဖမ်းဆီးထားကာ ဆက်လက် စုံစမ်းမှုများ ပြုလုပ်လျှက် ရှိကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here