ဗလန်စီယာ အား မန်ယူနည်းပြ ဖာဂူဆန် ချီးကျူး

alt

ပရိသတ်များ အနေနှင့် ခရစ်စတီယာနို ရော်နာဒို အား မေ့ပစ် လိုက်နိုင် တော့မည် ဖြစ်ပြီး ၎င်းတို့ အတွက် အန်တိုနီယို ဗလန်စီယာ က လက်ဆောင် အဖြစ် ရောက်ရှိ လာကြောင်း မန်ချက်စတာ

ယူနိုက်တက် နည်းပြ ဂုရုကြီး ဆာအဲလက် ဖာဂူဆန်က ချီးကျူး ပြောကြား လိုက်သည်။

ဩဂုတ်လ (၅)ရက် နေ့က စပိန်အသင်း ဗလန်စီယာ နှင့် ကစားခဲ့သော ခြေစမ်းပွဲတွင် ယူနိုက်တက်က (၂-၀)ဖြင့် အနိုင်ရပြီး ထိုပွဲတွင် အသက် (၂၄)နှစ်ရှိ အီကွေဒေါ လက်ရွေးစင် တောင်ပံလူက စွမ်းစွမ်းတမံ ခြေစွမ်း ပြခဲ့သည်။

ပေါင် (၁၇)သန်းဖြင့် ၀ီဂန် မှ ပြောင်းရွှေ့လာခဲ့သူ ဗလန်စီယာသည် ဖာဂူဆန် ယခုနှစ် အပြောင်းအရွှေ့ ကာလတွင် ခေါ်ယူထားသော ကစားသမားသစ် (၃)ဦး အနက် ပြောင်းရွှေ့ကြေး အမြင့်ဆုံး ကစားသမားလည်း ဖြစ်သည်။

ဗလန်စီယာ၏ ကစားဟန်သည် အလွန် စိတ်လှုပ်ရှားစရာ ကောင်းကြောင်း၊ ၎င်းသည် ရီးရဲလ်မက်ဒရစ် သို့ ကမာ္ဘ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း (၈၀)ဖြင့် ရောက်ရှိ သွားသည့် ပေါ်တူဂီ လက်ရွေးစင် ရော်နာဒို ကဲ့သို့ ခြေစွမ်းထက်သည့် ကစားသမား တဦးဖြစ်ကြောင်း ဖာဂူဆန်က ပြောကြားခဲ့သည်။

ထိုနေ့ ပွဲတွင် ဗလန်စီယာသည် အသင်း၏ တိုက်စစ်ကို ပုံဖော် ကစားပေးခဲ့သော်လည်း အနိုင်ဂိုးများ ကိုမူ ၀ိန်းရူနီ နှင့် အသက် (၁၉)နှစ်သာ ရှိသေးသည့် ကွင်းလယ် ကစားသမားလေး တွမ်ကလီဗာလီ တို့က သွင်းယူ ပေးသွားခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here