Hacker လက်ချက်ဖြင့် Twitter ရပ်ဆိုင်းသွားခဲ့

alt

အဖျက်လုပ်ငန်း ဆောင်ရွက်နေသော Hacker များ၏ လက်ချက်ဟု ယူဆရသည့် နည်းပညာ ဆိုင်ရာ တိုက်ခိုက်မှု များကြောင့် Twitter ၏ လုပ်ငန်းများ နာရီပေါင်း အတန်ငယ်မျှ ရပ်ဆိုင်း သွားကြောင်း သိရှိရသည်။

ဩဂုတ်လ (၆)ရက်နေ့ နေ့လယ် ပိုင်းမှစပြီး ကမာ္ဘ အရပ်ရပ်ရှိ Twitter ပရိသတ် သန်းပေါင်း များစွာသည် ၎င်းတို့နှစ်သက် ခင်တွယ်နေသည့် Social Networking ၀ဘ်ဆိုဒ်ကို ဖွင့်မရတော့သည့် ပြဿနာနှင့် ကြံုတွေ့ခဲ့ရသည်။

နောက်ပိုင်းတွင် ထိုကိစ္စအား Twitter ၏ ပညာရှင်များက ဖြေရှင်း နိုင်ခဲ့သော်လည်း မည်သည့် Hacker များက မည်သို့သော ရည်ရွယ်ချက်ဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည် ဆိုသော အချက်မှာ စဉ်းစားစရာ ဖြစ်နေဆဲဟု သိရှိရသည်။

လေ့လာ သူများက ထို တိုက်ခိုက်မှု များ၏ နောက်ကွယ်တွင် ရုရှား Hacker များ ပါ၀င် နေနိုင်ပြီး ဂျော်ဂျီယာနှင့် ရုရှားတို့ စစ်ဖြစ်ခဲ့သည့် ကိစ္စအတွက် တုန့်ပြန်ခြင်း ဖြစ်နိုင်ကြောင်း ရေးသား ဖော်ပြခဲ့ကြသည်။

ပြီးခဲ့သည့် နှစ် ဩဂုတ်လ (၇)ရက် နေ့က ဂျော်ဂျီယာသည် တောင်ပိုင်း အော်တက်ဆီယာ နှင့် အက်ဘခါဇီယာ ပြည်နယ်များ ခွဲထွက်ရန် ကြိုးစားနေမှုအား စစ်ရေးဖြင့် ဖြေရှင်းခဲ့မှုကို ရုရှားက ၀င်ရောက် စွက်ဖက်သဖြင့် စစ်ပွဲ ဖြစ်ပွားခဲ့ရသည်။ ထိုစစ်ပွဲ နှစ်ပတ်လည်နေ့ မတိုင်ခင် အကြိုနေ့တွင် ပေါ်ပေါက်လာသော Cyber တိုက်ခိုက်မှုသည် ပြည်နယ်များ ခွဲထွက်ရေးကို လိုလားသည့် ရုရှား Hacker များ၏ လက်ချက်ဟု ယူဆရသော အလားအလာ များဖြစ်နိုင်ကြောင်း သတင်းများက သုံးသပ် ဖော်ပြခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here