နစ်မြုပ်သွားသော တွန်ဂါ နိုင်ငံပိုင် စက်လှေ အခြေအနေ စိုးရိမ်ရ

alt

လှိုင်းလေ ပြင်းထန်သော သမုဒ္ဒရာ အတွင်း နစ်မြုပ် သွားသည့် တွန်ဂါနိုင်ငံပိုင် စက်လှေအတွက် အလွန် စိုးရိမ် နေရပါကြောင်း ဩစတြေးလျ ၀န်ကြီးချုပ် ကီဗင်ရု က ထုတ်ဖော် ပြောကြား လိုက်သည်။

ဩဂုတ်လ (၅)ရက် နေ့က ဖြစ်ပွား ခဲ့သည့် စက်လှေ နစ်မြုပ်မှုမှာ တွန်ဂါမြို့တော် နူကူအာလိုဖာ နှင့် ပြင်ပ ကျွန်းစုများ အကြားတွင်ဖြစ်ပြီး လှိုင်းဒဏ်ကြောင့် စက်လှေမှာ ပက်လက် လန်သွားခြင်း ဖြစ်သည်။

အမျိုးသမီး နှင့် ကလေးများ အပါအဝင် စက်လှေတွင် ပါသွားသူ (၅၀)ခန့် တို့မှာ ပျောက်ဆုံး နေဆဲဖြစ်ပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်း ရု က ဩဂုတ်လ (၆)ရက် နေ့က ဆစ်ဒနီတွင် ကျင်းပသော တောင် ပစိတ်ဖိတ် ခေါင်းဆောင်များ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ကယ်တင် ရရှိခဲ့သူ တဦးက အဖြစ်အပျက်သည် အလွန် မြန်ဆန်ပြီး ၎င်း သတိပြုမိချိန်တွင် မင်းသား အာရှီကာ ဟု အမည် ပေးထားသော စက်လှေမှာ လုံးဝ နစ်မြုပ်နေပြီဟု ပြောကြားခဲ့သည်။

စက်လှေပေါ်တွင် ပါသွားသည့် လူဦးရေသည် (၉၆)ဦးဟု မှတ်ပုံတင် ဖော်ပြထားပြီး ၎င်းတို့အနက် ခရီးသည် (၂၃)ဦး နှင့် ရေယာဉ် အမှုထမ်း (၂၇)ဦး တို့ကို ကယ်တင် နိုင်ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here