ဂျိုလီနှင့် လက်မထပ်သေးခြင်း အပေါ် ဘရက်ပစ် ကာကွယ်ပြောကြား

alt

ကြီးမားသည့် မိသားစုကြီး တခုကို ပိုင်ဆိုင် နေသော်လည်း ယခုတိုင် အိန်ဂျယ်လီနာ ဂျိုလီနှင့် လက်မထပ် သေးသည့် ၎င်း၏ ဆုံးဖြတ်ချက်ကို ဘရက်ပစ်က ကာကွယ် ပြောကြား လိုက်သည်။

မွေးစားကလေး (၃)ဦး နှင့် သားသမီးအရင်း (၃)ဦးတို့ ဖွားမြင် ပြီးသော်လည်း ဟောလီးဝုဒ်၏ နာမည်အကြီးဆုံး စုံတွဲသည် လက်ထပ်ရန် အစီအစဉ် မရှိသေးပေ။ ပစ်က လက်ရှိ အနေအထားအရ အလုံးစုံ အဆင်ပြေနေပြီး ဂျိုလီ ကိုယ်တိုင်လည်း လက်ထပ်လိုစိတ် မရှိသေးကြောင်း အင်တာဗျူး တခုတွင် ပြောကြား သွားခဲ့သည်။

၎င်းတို့ နှစ်ဦးသည် သားသမီးများ ရရှိလာသည့်တိုင် လက်မထပ်ဘဲ အတူနေဆဲ ဖြစ်ခြင်းကြောင့် ဘာသာရေးအဖွဲ့ အချို့ထံမှ ရှုတ်ချစာများ သူတို့ထံ ရောက်လာသည်နှင့် ကြံုတွေ့ နေရသည်။ လူတိုင်းတွင် မိမိ အနာဂတ်ကို ဆုံးဖြတ်နိုင်သော အခွင့််အရေး ရှိကြောင်း၊ လက်ရှိအချိန်တွင် ဂျိုလီနှင့် လက်မထပ် သေးသော်လည်း ထိုကိစ္စသည် မိမိတို့ စုံတွဲအတွက်ရော၊ ကလေးများ အတွက်ပါ ထိခိုက်မှု မရှိကြောင်း ပစ် က ဆိုသည်။

ထို့အပြင် ၎င်းနှင့် ဂျိုလီ လက်မထပ်သည့် ကိစ္စအား အရေးအရာလုပ် ဝေဖန်နေမှု များကိုလည်း မုန်းတီးကြောင်း ပစ်က ထုတ်ဖော် ပြောဆိုခဲ့သည်။ ထို့အပြင် ကလေးများနှင့် ပတ်သက်ပြီး မိမိ၏ သားသမီးများကို ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ပြီး၊ လိုအပ်ချက် မှန်သမျှ ပြည့်ဝအောင် ဖြည့်ဆည်း ပေးထားကြောင်း၊ ကလေးများ အတွက် ၎င်းတို့၏ မိဘများ လက်ထပ်ခြင်း၊ မထပ်ခြင်းသည် အဓိက မကျဘဲ မိဘမေတ္တာကို မည်မျှအထိ ရရှိနိုင်သည် ပေးဝေနိုင်သည် ဆိုသော အချက်ကသာ အရေးကြီးကြောင်း ပစ်က ထောက်ပြ ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here