ရုရှား ရေငုပ်သင်္ဘော ကိစ္စ စိတ်ပူစရာ မရှိဟုဆို

alt

အမေရိကန် နိုင်ငံအနီး ရုရှား ရေငုပ်သင်္ဘော နှစ်စင်းကို တွေ့ရှိခဲ့မှု အပေါ် စိတ်မပူကြောင်း ပင်တာဂွန် စစ်ဌာနချုပ်က ဩဂုတ် (၅)ရက် နေ့တွင် ကြေညာ ခဲ့သည်။

အမေရိကန် အရှေ့ဘက် ကမ်းလွန်ရှိ နိုင်ငံတကာ ရေပိုင်နက် အတွင်း ရုရှား တိုက်ခိုက်ရေး ရေငုပ်သင်္ဘော နှစ်စင်းအား တွေ့ရှိခဲ့ပြီးနောက် မီဒီယာ များက စစ်အေးတိုက်ပွဲ တကျော့ပြန် ပေါ်ပေါက် လာနိုင်ကြောင်း ဖော်ပြ ခဲ့သော်လည်း သတင်းစာ ရှင်းလင်းပွဲ တခုတွင် ပင်တာဂွန်က ယခုလို ကြေညာခဲ့ခြင်း ဖြစ်သည်။

ရုရှား နိုင်ငံသည် ကမာ္ဘအနှံ့ရှိ နိုင်ငံတကာ ရေပိုင်နက် များတွင် စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်လေ့ ရှိကြောင်း၊ ၎င်းတို့၏ အလေ့အထကို သဘောပေါက် ထားသဖြင့် စိုးရိမ်မှု မရှိကြောင်း ပင်တာဂွန် ပြောရေး ဆိုခွင့်ရပုဂ္ဂိုလ် ဂေါ့မော်ရဲလ်က သတင်းထောက်များအား ပြောကြားခဲ့သည်။ နယူးယောက်တိုင်း သတင်းစာက ကမ်းခြေမှ မိုင်(၂၀၀)ခန့် အကွာတွင် အာကူလာ အမျိုးအစား ရေငုပ်သင်္ဘော (၂)စင်းအား ကာလ အတန်ကြာ ကတည်းက တွေ့ရှိ နေရကြောင်း ဩဂုတ်လ (၅)ရက် နေ့တွင် ဖော်ပြခဲ့ပြီးနောက် ပင်တာဂွန်က ယခုလို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ရုရှား ရေတပ်မတော်သည် ယခု နှစ်ပိုင်းများ အတွင်း ကမာ္ဘ့ သမုဒ္ဒရာကြီး အနှံ့အပြားနှင့် နိုင်ငံခြား တိုင်းပြည်များတွင် ပူးပေါင်းစစ်ရေး လေ့ကျင့်မှုများ ပြုလုပ်လေ့ရှိပြီး ပင်တာဂွန်က အမေရိကန် ရေငုပ်သင်္ဘော များသည်လည်း ရုရှား ရေပိုင်နက် အပြင်ဘက်တွင် ယခုကဲ့သို့ စစ်ရေး လေ့ကျင့်မှုများ ရံဖန်ရံခါ ပြုလုပ်ခဲ့ဖူးကြောင်း ကြေညာ သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here