အာဖဂန်ရောက် ဗြိတိန် စစ်ရဟတ်ယာဉ်များ လုံခြုံရေး အားနည်း

alt

အာဖဂန်နစ္စတန် စစ်မြေပြင်တွင် တာဝန် ထမ်းဆောင်နေသော စစ်သည်များ အတွက် အစိုးရမှ အသစ် ဖြည့်ဆည်းပေးမည့် ရဟတ်ယာဉ် များသည် လုံခြံုရေး အရ အားနည်းမှုများ ရှိနေကြောင်း ဝေဖန် ခံနေရသည်။

အာဖဂန်တွင် သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များ မလုံလောက်မှုကြောင့် ဗြိတိသျှ တပ်သားများ မသေသင့်ဘဲ သေနေရကြောင်း စွပ်စွဲမှုများ ပေါ်ထွက် လာပြီးနောက် ကာကွယ်ရေး ဝန်ကြီးဌာနက မာလင် အမျိုးအစား ရဟတ်ယာဉ် (၆)စင်းကို ဖြည့်တင်း ပေးနိုင်ရန် ကြိုးစားလာသည့်တိုင် ထိုရဟတ်ယာဉ်များသည် ကျည်ကာ စွမ်းရည် နိမ့်ပါးကြောင်း ပိုင်းလော့များက ပြောကြားခဲ့သည်။

ကာကွယ်ရေး ဝန်ကြီးဌာနသည် အရေးပေါ် လိုအပ်မှုအဖြစ် သတ်မှတ်ကာ ထို ရဟတ်ယာဉ်များကို မှာယူ ပေးပို့မည် ဖြစ်သော်လည်း အာဖဂန် စစ်မြေပြင်သည် အီရတ်ထက် ပိုမို ကြမ်းတမ်းသည်ကို သတိပြုသင့်ကြောင်း လေယာဉ်မှူးများက ပြောကြားခဲ့သည်။ ရဟတ်ယာဉ်မှူးများ အတွက် အကာအကွယ် ရစေမည့် ကက်ဗလာ အမျိုးအစား ကျည်ကာ များသည် တစင်းစာ အတွက် ပေါင်တသိန်းမျှ ငွေကြေး ကျသင့်မည် ဖြစ်သည်။

ထို ရဟတ်ယာဉ်များကို ဒီဇင်ဘာလတွင် အာဖဂန် အရောက် ပေးပို့မည်ဖြစ်ပြီး ထို သယ်ယူပို့ဆောင်ရေး ယန္တရားများကြောင့် အာဖဂန်တွင် ဗြိတိန်တပ်များ ရွှေ့ပြောင်း နေရာချထားရေး ပိုမို လွယ်ကူလာမည်ဟု ကာကွယ်ရေး ဝန်ကြီးဌာနက ယုံကြည် မျှော်လင့်လျှက် ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here