Windows 7 XP mode ထွက်ရှိ

alt

Windows 7 ၏ XP ပုံစံ Virtual Edition ကို စတင် ထုတ်လွှင့် ပေးလိုက်ပြီဟု Microsoft က ကြေညာ လိုက်သည်။

ထိုအတွက် Windows ပရိသတ်သည် Operation System အသစ်၏ အားသာချက် များကို ကြိုတင် လေ့လာနိုင်မည်ဟု Microsoft က ဩဂုတ်လ (၅)ရက် နေ့တွင် ပြောကြားခဲ့သည်။ ထို Version ကို Microsoft ၏ Windows ဝဘ်ဆိုဒ်မှ တဆင့် Download လုပ်နိုင်မည် ဖြစ်သည်။

Microsoft က Windows 7 တွင် XP Mode ကို ထည့်ပေး လိုက်ခြင်းသည် အသုံးပြုသူများက XP တွင် အသုံးပြုနေသည့် Application များကို Windows 7 တွင် အဆင်မပြေမည်ကို စိုးရိမ်သောကြောင့်ဟု ကြေညာခဲ့သည်။

Vista နှင့် XP ကြား Application အဆင်မပြေမှုများ Windows 7 တွင် မဖြစ်စေရန် ရည်ရွယ်ထားကြောင်း Microsoft က ဆိုသည်။ XP Mode ကို ထည့်ပေးခြင်းဖြင့် ငွေကြေး မတည်မှု နည်းပါးပြီး Application Version သစ်များ ဝယ်ယူနိုင်ခြင်း မရှိသည့် လုပ်ငန်းငယ်များ အတွက် အဆင်ပြေစေမည်ဟု Micrsoft က ဆိုသည်။

ထို့ကြောင့်လည်း Windows 7 ၏ XP Mode ကို လုပ်ငန်း အငယ်စားများနှင့် အလတ်စားများက အများဆုံး အသုံးပြု လိမ့်မည်ဟု မျှော်လင့်ကြောင်း Microsoft က ခန့်မှန်း ဖော်ပြခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here