မန်ယူဂိုသမား ဗန်ဒါဆား ဒဏ်ရာကြောင့် နားရမည်

alt

မန်ချက်စတာ ယူနိုက်တက် အသင်း၏ ဦးစားပေး ဂိုးသမားကြီး အက်ဒွင် ဗန်ဒါဆားသည် ဒဏ်ရာကြောင့် (၂)လမျှ အနားယူရမည် ဖြစ်သည်။

လက်ချောင်း အရိုး ကျိုးသွားကြောင်း အတည်ပြု ခဲ့ပြီးနောက် နယ်သာလန် လက်ရွေးစင် ဟောင်းကြီးသည် ရာသီအစ ပွဲစဉ်များတွင် ပါဝင်နိုင်မည် မဟုတ်ဟု ဩဂုတ် (၅)ရက် နေ့က ယူနိုက်တက်၏ တရားဝင် ဝဘ်ဆိုဒ်တွင် ဖော်ပြ ထားခဲ့သည်။

ထိုဒဏ်ရာကို ဘိုင်ယန်မြူးနစ် နှင့် ယှဉ်ပြိုင်သည့် ရာသီကြို ခြေစမ်းပြိုင်ပွဲ တခုအတွင်း ပင်နယ်တီ အဆုံးအဖြတ် ခံယူစဉ်တွင် ရရှိခဲ့ခြင်း ဖြစ်သည်။ ယူနိုက်တက်တွင် တိုမက်ကူဇက် နှင့် ဘန်ဖော်စတား ကဲ့သို့ ဂိုးသမား(၂)ဦး ရှိသေးသော်လည်း အင်္ဂလန်သား ဖော်စတားက အခွင့်အရေး ပိုမို ရလာဖွယ် ရှိနေ၏။

ယူနိုက်တက် သည် ဩဂုတ် (၉)ရက် နေ့တွင် ချဲလ်ဆီးနှင့် ကွန်မြူနတီ ဒိုင်းအတွက် ယှဉ်ပြိုင် ရမည်ဖြစ်ပြီး နောက်တပါတ် တွင်မူ ပရီးမီးယားလိဂ် ပွဲဦးထွက် အဖြစ် ဘာမင်ဂမ် အသင်းနှင့် တွေ့ဆုံရမည် ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here