အာဖဂန်နစ္စတန် မြို့တော် ဒုံးကျည်များဖြင့် တိုက်ခိုက်ခံရ

alt

ဩဂုတ် (၄)ရက်နေ့က အာဖဂန်နစ္စတန် မြို့တော် ကဘူးသို့ ဒုံးကျည်များဖြင့် တိုက်ခိုက ်ခံခဲ့ရကြောင်း သိရှိရသည်။

ယင်းသည် ယခုလ နှောင်းပိုင်းတွင် ကျင်းပမည့် သမတ ရွေးကောက်ပွဲ မတိုင်မီ တည်ငြိမ် အေးချမ်းနေသည့် အာဖဂန်မြို့တော် အတွက် ပထမဆုံး အကြိမ် ပြန်လည် တွေ့ကြံုရသော အကြီးစား တိုက်ခိုက်ခံရမှု တခုလည်း ဖြစ်လာခဲ့သည်။ အာဖဂန် အာဏာပိုင်များက အနည်းဆုံး ဒုံးကျည်(၈)လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး အမေရိကန် သံရုံးအနီးရှိ အကြီးတန်း ပြည်ထဲရေး ဝန်ကြီး အိမ်တော်တွင် ဒုံးကျည်တစင်း ထိမှန်သဖြင့် ပျက်စီးမှုအချို့ ရှိခဲ့ကြောင်း အတည်ပြုခဲ့သည်။

ဒုံးကျည် တိုက်ခိုက်မှုများသည် အာဖဂန် ရွေးကောက်ပွဲကို အပြင်းအထန် ကန့်ကွက်နေသော တာလီဘန် စစ်သွေးကြွတို့၏ လက်ချက်ဖြစ်ပြီး ရွေးကောက်ပွဲ နေ့တွင်လည်း ကဘူးသို့ နောက်ထပ် ဒုံးကျည်များ ကျရောက်လာမည်ကို အာဏာပိုင်များက စိုးရိမ်နေသည်။ ယခု တိုက်ခိုက်မှုတွင် သေဆုံးမှု အစီရင်ခံစာ တစုံတရာ ထွက်ပေါ်လာခြင်း မရှိသေးသော်လည်း ထိုမတိုင်မီ တစ်ရက်က အာဖဂန် အနောက်ပိုင်းရှိ အကြီးဆုံးမြို့ ဖြစ်သော ဟီရတ်တွင် လမ်းဘေးဗုံး တလုံး ပေါက်ကွဲခဲ့ရာ လူ(၁၁)ဦး သေဆုံးခဲ့သည်။

ပြည်ထဲရေး ဝန်ကြီးဖြစ်သူ ဇာမရီဘက်ရှာရီ ကမူ ဩဂုတ်(၄)ရက်နေ့ ဒုံးကျည်ဒဏ်ကြောင့် ကလေးတဦးနှင့် အမျိုးသားတဦး ဒဏ်ရာရကြောင်း ပြောဆိုခဲ့ပြီး ဒုံးကျည်များသည် မြို့တော်၏ အရှေ့မြောက်ဘက် (၅)မိုင်အကွာရှိ ဒါဆက်ဘ် ကျေးရွာဘက်မှ ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ကြေညာသွားခဲ့သည်။

အာဖဂန် အမျိုးသား တပ်မတော်မှ ဗိုလ်မှူး ဂူလမ်ရာဆယ်က စစ်သွေးကြွများသည် BM1 ဒုံးကျည်များကို အသုံးပြု တိုက်ခိုက်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း၊ ထို ဒုံးကျည်များသည် မိုင်ပေါင်း အတော်ဝေးဝေးထိ ပျံသန်း ရောက်ရှိနိုင်ကြောင်း သုံးသပ် ပြောကြားခဲ့သည်။ တိုက်ခိုက်မှုများ ဖြစ်ပွားသည့် နံနက်ပိုင်းမှ စပြီး ကဘူးတွင် လုံခြံုရေး တင်းကြပ်ထားကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here