ဥရောပဒေသ လူသုံးဦးတွင် တဦး အင်တာနက် မသုံးဖူးသေး

alt

ကမာ္ဘနှင့် အဝှမ်း အင်တာနက် သုံးစွဲသူဦးရေ တစထက် တစ တိုးပွား လာနေသော်လည်း ဥရောပ ဒေသတွင် လူ(၃)ဦး အနက် (၁)ဦးမှာ အင်တာနက် လုံးဝ မသုံးဖူးသေးကြောင်း သိရှိရသည်။

သို့သော်လည်း ထို အခြေအနေသည် (၂၀၀၇) ခုနှစ်က လူဦးရေ စုစုပေါင်း၏ (၄၀) ရာခိုင်နှုန်းသည် အင်တာနက် လုံးဝ မသုံးဖူးသော အနေအထားနှင့် နှိုင်းယှဉ်ပါက တိုးတက် လာကြောင်း ဥရောပ ယူနီယံက ကြေညာခဲ့သည်။ ယခု စာရင်းအတွက် ဥရောပယူနီယံ အဖွဲ့ဝင် (၂၇)နိုင်ငံမှ အင်တာနက် သုံးစွဲမှု စာရင်းများကို ကောက်ခံခဲ့ခြင်း ဖြစ်သည်။

အင်တာနက် သုံးစွဲခြင်း မရှိသူများက ၎င်းတို့တွင် အင်တာနက် ချိတ်ဆက်မှု လုံးဝ မရှိခြင်း၊ အင်တာနက်ဖြင့် အလုပ်လုပ်ရန် မလိုအပ်ခြင်း စသည့် အကြောင်းပြချက် များကြောင့် မသုံးခဲ့ခြင်းဟု ဖြေကြားကြသည်။ ထို့အပြင် ဥရောပ ယူနီယံရှိ ပြည်သူ စုစုပေါင်း၏ (၄၀) ရာခိုင်နှုန်းမှာ နေအိမ်တွင် အင်တာနက် ချိတ်ဆက်ထားမှု မရှိကြောင်း ဝန်ခံခဲ့ကြသည်။

အသက်အရွယ် အပိုင်းအခြား အရမူ အသက် (၁၆)နှစ်မှ (၂၄) နှစ်ကြား အရွယ်များသည် အင်တာနက်ကို ခုံခုံမင်မင် သုံးစွဲလေ့ရှိကြပြီး အသက် (၆၅)နှစ်နှင့် အထက် ကမူ အင်တာနက် သုံးစွဲမှု အနည်းဆုံး ဖြစ်ကြောင်း စစ်တမ်းများတွင် ဖော်ပြနေသည်။

ဥရောပ ယူနီယံ၏ သတင်း အချက်အလက်နှင့် မီဒီယာ လုပ်ငန်းဌာနမှ ကော်မရှင် အဖွဲ့ဝင် ဗီဗီယန်ရီးဒင်းက ဥရောပ ဒေသတွင်း အင်တာနက် သုံးစွဲမှု ပိုမိုထူပြော များပြားလာစေရန် သီချင်းနှင့် ရုပ်ရှင်ကဲ့သို့ ဖျော်ဖြေရေး ကဏ္ဍများအတွက် Download ပြုလုပ်ရာတွင် ယခုထက် လွယ်ကူ လျင်မြန်အောင် ဆောင်ရွက်သင့်ကြောင်း သုံးသပ် ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here