ဇာဘီအလွန်ဆို အား ရောင်းချရန် သဘောတူညီမှုရ ဟု လီဗာပူး အသင်းကြေညာ

alt

ဇာဘီ အလွန်ဆိုအား ရောင်းချရန် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း လီဗာပူး အသင်းက ၎င်းတို့၏ တရားဝင် ဝဘ်ဆိုဒ်မှ တဆင့် ကြေညာခဲ့သည်။

ရီးရဲလ် မက်ဒရစ်သို့ ပြောင်းရွှေ့ခွင့် ပြုလိုက်ပြီ ဖြစ်သော စပိန် လက်ရွေးစင် ကွင်းလယ်လူ၏ ပြောင်းရွှေ့ကြေး ပမာဏ တိတိကျကျကို လီဗာပူးက မဖော်ပြ ခဲ့သော်လည်း အင်္ဂလန် သတင်းဌာန များက ပေါင်သန်း(၃၀) ဝန်းကျင်မျှ ရှိနိုင်ကြောင်း သုံးသပ် ရေးသားခဲ့သည်။

လီဗာပူး က အလွန်ဆိုသည် မကြာမီ စပိန်ထိပ်သီး ကလပ်အသင်း နှင့် ဆေးစစ်မှု ခံယူမည် ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ အသက် (၂၈)နှစ် ရှိပြီဖြစ်သော အလွန်ဆိုသည် ရီးရဲလ်တွင် လီဗာပူး အသင်းဖော်ဟောင်း အဘီလွာ နှင့် ပြန်လည် ပေါင်းစည်းခွင့် ရတော့မည် ဖြစ်သည်။

အလွန်ဆို သည် အသင်းမှ ထွက်ခွာခွင့် ရရန် လီဗာပူး တာဝန်ရှိသူ များထံသို့ ကိုယ်တိုင် တောင်းဆိုထားသူလည်း ဖြစ်သည်။ အလွန်ဆိုအား ရောင်းချရန် သေချာ သွားပြီးနောက် လီဗာပူးသည် အီတလီ စီးရီးအေ ကလပ် ဂျူဗင်တပ်မှ ခရစ်စတီယန် ပေါဆင်နှင့် အစားထိုးရန် ကြိုးပမ်းနေကြောင်း သိရှိရသည်။

အလွန်ဆိုအား ခေါ်ယူနိုုင်ရန် သဘောတူညီမှု ရရှိပြီးနောက် ရီးရဲလ် အသင်းက ယခု အပြောင်းအရွှေ့ ကာလအတွင်း ကစားသမားသစ် ထပ်ခေါ်တော့မည် မဟုတ်ကြောင်း အတည်ပြု ကြေညာသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here